21.9.13

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ

Photo: ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ
Saturday, September 21, 2013

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာသမားများအား
ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ငွေစာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသားဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်း ပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။
အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေလိုကြောင်းနှင့် 
ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းဆိုခဲ့သည်။

နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်း တို့မှာ ပြုပြင်ပြောင်းလဲမှုကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည် တွင်းငြိမ်း ချမ်းရေးလုပ်ငန်းတို့၌လှုပ်ရှားပါဝင်မှုအများဆုံးဖြစ်သည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြု လုပ်နိုင်ခဲ့ကြသူများဖြစ်သည်။

Popular Myanmar News Journalဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာသမားများအား
ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ငွေစာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသားဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။



“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်း ပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။
အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေလိုကြောင်းနှင့်
ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းဆိုခဲ့သည်။

နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်း တို့မှာ ပြုပြင်ပြောင်းလဲမှုကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည် တွင်းငြိမ်း ချမ်းရေးလုပ်ငန်းတို့၌လှုပ်ရှားပါဝင်မှုအများဆုံးဖြစ်သည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြု လုပ်နိုင်ခဲ့ကြသူများဖြစ်သည်။

Popular Myanmar News Journal

0 comments:

Post a Comment