8.10.13

မန္တလေးက အနုပညာ ကြယ်တစ်ပွင့် (သို့မဟုတ်) ယွန်းမှီမှီကျော်

မန္တလေးမှာ နာမည်ကြီးပြီး ပရိသတ်အားပေးမှုရနေတဲ့ မော်ဒယ် ယွန်းမှီမှီကျော်နဲ့ ပရိသတ်ကို မိတ်ဆက်ပေးပါမယ်။
သူက ရန်ကုန်သူဖြစ်ပေ မယ့် မန္တလေးကို ပြောင်းလာပြီး မန္တလေးမှာပဲ အနုပညာအလုပ်တွေ စလုပ်ဖြစ်ခဲ့တာလို့ ယွန်းမှီမှီကျော်က စပြောပါတယ်။ သူ့ကို ပရိသတ်က လည်း မန္တလေးက မော်ဒယ်အနေနဲ့ စအားပေးခဲ့တာ၊ အနု ပညာ လောက ကိုတော့ ၁၁ ရက်၊ ၁၁လ ၂ဝ၁၁ မိုးယံပြိုင်ပွဲ ကိုဝင်ပြိုင်ရင်း ဝင်ရောက်တာ လို့ ပြောပါတယ်။ သူ့အနေနဲ့ ၂ဝ၁၂ အတွင်းမှာ Miss ဘွဲ့တွေရပြီး အချိန်တိုအ တွင်း ပရိသတ်သတိထားမိပြီး အားပေးမှုတွေ ရရှိလာတာလို့ ယွန်းမှီမှီကျော်ကပြောပါတယ်။ သူ့အနေနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟတို့ လုပ်တဲ့Queen of Beauty Award ပွဲမှာQueen ဖြစ်ခဲ့လို့ သူတို့တွေ နဲ့တော့လက်တွဲလုပ်ကိုင် ဖို့ရှိကြောင်း၊ သူ့အနေနဲ့ ကြော်ငြာတွေ သာရိုက် ဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုတွေအတွက် သူ့အနေနဲ့ ဝမ်းစာဖြည့်ပြင် ဆင်ပြီးမှ ရိုက် ကူးမှုတွေ လုပ်မယ်လို့ ယွန်းမှီမှီကျော် ကပြောပါတယ်။ အနုပညာ လောကထဲ စဝင်ဖြစ်တဲ့ သူ့ရဲ့ ပထမဆုံး မိုးယံပြိုင်ပွဲဝင်ပြိုင်ဖြစ်တာ နဲ့ ပတ် သက်ပြီး “မိုးယံမှာ ထီထိုးရင်းနဲ့ မော်ဒယ်ပြိုင်ပွဲအတွက်ဖောင်ပေး လိုက်တာ။အိမ်ကလည်း ဝင်ပြိုင် ဖို့ပြောတာနဲ့ မန္တလေးမှာစပြီး ဝင်ပြိုင်ဖြစ် ခဲ့တာပါ” လို့ ပြောပါတယ်။ ယွန်းမှီမှီကျော်က မန္တလေးရှိုးပွဲတွေကို အများ ဆုံးလျှောက်ဖြစ်ပြီး ရန်ကုန် ပွဲကတော့ ဂျွန်လွင်ပွဲတွေကျမှသာ ပါဝင်လျှောက်ဖြစ်တယ်လို့ပြော ပါတယ်။ သူကြိုက်တဲ့ သရု ပ်ဆောင်တွေနဲ့ ပတ်သက်ပြီး “အိန္ဒြာကျော်ဇင်၊ စိုးမြတ်သူဇာ၊ မို့မို့မြင့်အောင်တို့ကိုကြိုက် တယ်။ မော်ဒယ်ကနေ သရုပ်ဆောင် လုပ်တဲ့ချမ်းမီမီကိုနဲ့ မိုးယုစံတို့ကို ကြိုက်တယ်” လို့ ယွန်းမှီမှီကျော်က ပြောပါတယ်။

သူ့ပရိသတ်တွေဟာ မန္တလေးက ပိုများပြီး သူ့ကို အား ပေးတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်တယ်ဆို တဲ့ ယွန်းမှီမှီကျော် က အနုပညာ အလုပ်ေ တွ တောက် လျှောက်လုပ်ရ မယ်ဆိုရင် တော့ ရန်ကုန် မှာ အခြေချ လုပ်မှ အဆင် ပြေ မယ်လို့ သူ့ အမြင် ကို ပြောပါ တယ်။ ယွန်းမှီမှီ ကျော်က သူ့နာမည် နဲ့ပတ်သက်ပြီး ရှင်း ပြတာ က…

“ညီမ အမေက ညီမကျောင်းတက်ခါနီး နာမည်ပေး ဖို့ လုပ်နေတဲ့ အချိန်မှာ ‘မောင်’ ရုပ်ရှင် ကားလာနေတယ်။ အဲဒီကားမှာ မေသန်းနုနာမည်က ယွန်းမှီမှီ အဖေက အဲဒီ ကားကို သဘောကျ တယ်။ မင်းသမီး နာမည်ကလည်း လှတော့ အဖေ့နာမည်ထဲက ကျော် ကို ယူပြီးပေးလိုက်တာ။ ယွန်းမှီမှီကျော် ဆိုပြီး ဖြစ်လာ တာ။ အဲဒါနာမည်အရင်း ပါပဲ” လို့ ပြောပြခဲ့ပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်ကို အစွမ်းကုန် ကြိုးစားလုပ်သွားမှာ ဖြစ်ကြောင်း သူ့ကြိုးစားမှုကို မြင်တွေ့ကြပြီး လက်တွဲခေါ် နေရာပေးမှ သူ့အနေ နဲ့ အောင်မြင်တဲ့ အနုပညာရှင်ဖြစ် လာမှာ ဖြစ်ကြောင်း ယွန်းမှီမှီကျော်က ပြောပြခဲ့ပါတယ်။

နေကွန်းထင်
ဓာတ်ပုံ-ကိုကျော်ကျော်

Popular Journal

0 comments:

Post a Comment