8.10.13

နောက်(၂၄)နာရီအတွင်း မုန်တိုင်းတစ်ခုဖြစ်လာပါတော့မယ်။

မုန်တိုင်းခန့်မျန်းရေးဗဟိုဌာနများဖြစ်ကြသော
 IMD, JTWC များရဲ့ ခန့်မျန်းချက်အရ
လည်းကောင်း MCCWရဲ့ Analyses များအရလည်းကောင်း ကပ္ပလီပင်လယ်ပြင်
ထဲမှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး မုန်တိုင်းတစ်ခုအဖြစ် မကြာမီရာက်ရှိလာပြီး၊ (၈-၁၀-၂၀၁၃) နံနက်(၆)နာရီခွဲမှ နောက်(၂၄)နာရီအတွင်း အပူပိုင်းမုန်တိုင်း တစ်ခုဖြစ်လာနှိုင်ပါတယ်။

မုန်တိုင်းငယ်ဟာ အနောက်မြောက်ဖက်ကို ဦးတည်ရွေ့လျှားကာ ဘင်္ဂလာ;
ပင်လယ်အော်ရေပြင်ကျယ်အတွင်းဝင်ရောက်သွားပြီးနောက် အဆုံးတွင် အောက်တိုဘာလ(၁၅)ရက်ခန့်တွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။

အောက်တိုဘာလ(၁၀-၁၁-၁၂)ရက်တိုကတွင် မြန်မာ့ကမ်းခြေနှင့် အနီးကပ်ဆုံးရောက်ရှိ လာစဉ် မြစ်ဝကျွန်းပေါ်ဒေသရဲ့ ကမ်းရိုးတန်း နဲ့ ကမ်းလွန်ဒေသများ တွင် လေပြင်းဒဏ်နှင့်လှိုင်းဒဏ်များအပြင် မိုးဒဏ်တို့ကိုပါ ခံစားရနှိုင်ပါတယ်။

အများဆုံးလေတိုက်နှုန်း တစ်နာရီ(၄၅-၅၀)မိုင်ခန့် နဲ့ အများဆုံးလှိုင်းဟဏ် ( ၈ ပေ မှ ၁၂ ပေခန့်အထိ) ရှိနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

0 comments:

Post a Comment