16.10.13

ပုံတူရုပ်ထုပြုလုပ်ရန်ဖျော်ဖြေပွဲ ပြုလုပ်မည်

တေးရေးတေးဆို သရုပ်ဆောင် တွံ့တေးသိန်းတန်ကွယ်လွန်ခြင်း ၁၅နှစ်ပြည့် ပုံတူရုပ်ထုပြုလုပ်ရန် အတွက် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်လျက်ရှိကြောင်း သရုပ်ဆောင်ဦးကျော်ထူးက ပြောကြားသည်။


တွံ့တေးသိန်းတန်၏ ရုပ်ထုကို တွံ့တေးမြို့တွင် ထားရှိရန်အတွက် ဂီတရုပ်ရှင်ပဒေသာကပွဲကို နိုဝင်ဘာ ၂၃ရက်နေ့ပြည်သူ့ရင်ပြင်တွင် ည၇နာရီမှ နံနက်၁နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ပံ့ပိုးကူညီတဲ့သူအနေနဲ့ လုပ်တာပါ။ လုပ်တဲ့အခါကြရင်လည်း အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ”ဟု ဦးကျော်ထူးက ဆက်လက် ပြောကြားသည်။

၎င်းဖျော်ဖြေပွဲသည် တွံ့တေးသိန်းတန်၏ သားသမီးများမှဦးဆောင်ကျင်းပပြု လုပ်ခြင်း ဖြစ်ကြောင်း၊ ၎င်းအနေနှင့်အနုပညာဖြင့် ကူညီဆောင် ရွက်ပေးခြင်းဖြစ်ကြောင်းဆက်လက်ရှင်းပြသည်။

ပဒေသာကပွဲတွင် အပျိုတော်ယိမ်းအက၊ ဟာသလူရွှင်တော်များ၏ တစ်ခန်းရပ်ပြဇာတ်၊ တေးသံရှင်နှင့် သရုပ်ဆောင်များ၏ ဖျော်ဖြေမှုနှင့် ရွှေတွံ့တေးအငြိမ့်တို့ ပါဝင်မည်ဖြစ်သည်။

ရာဇာနေ၀င်း၊ နေတိုး၊ ဖြိုးငွေစိုး၊ ကျော်ကျော်ဗိုလ်၊နေမင်းခ၊ ဗေလုဝ၊ မေကဗျာ၊ ခင်လေးနွယ်၊ စံပယ်မိုး၊ဟင်္သာတထွန်းရင်၊ သြရသ၊ သန်းမြတ်စိုး၊ အလင်္ကာ ၀တ်ရည် မောင်မောင်အေး၊ ခင်ညွှန့်ရည်၊ မေခလာ၊နီနီခင်ဇော်၊ အိုပြည့်ရှင်၊ လင်းသုတ၊ ကျော်ဇေယျ၊တွံ့တေးသိန်းတန်၏ သားသမီးများဖြစ်သော တွံ့တေးလေးနိုင်၊ သန်းသန်းနိုင်၊ ချယ်ရီသိန်းတန်၊ ၀င်းပပ သိန်းတန်၊ ရွှေရည်သိန်းတန်နှင့် လူရွှင်တော်ဟာသ
သရုပ်ဆောင်များစွာ ပါဝင်ဖျော်ဖြေပေးမည် ဖြစ်သည်။

ရေးသားသူ - မောင်မျိုး
People power

0 comments:

Post a Comment