16.10.13

ရန်ကုန် စက်မှုဇုန်ရှိ ဖိုက်ဘာ တိုင်ကီဂိုဒေါင် မီးလောင်


ဇေ ကမ္ဘာကုမ္ပဏီ ဂေါက်ကွင်းအနီး ရန်ကုန်စက်မှုဇုန်ရှိ ဖိုက်ဘာတိုင်ကီ ဂိုဒေါင်တစ်ခုတွင် အောက်တိုဘာ ၁၅ရက်က မီးလောင်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။


မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ကုမ္ပဏီ ဂေါက် ကွင်း အနီး ရန်ကုန် စက်မှုဇုန်(၂)၊ အမှတ် ၂၅၈ရှိ Super Star Fiber Tank ဂိုဒေါင် တွင် အောက်တိုဘာ ၁၅ရက် မွန်း လွဲ ၁နာရီခန့်က မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်ဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံစက်မှုဇုန်အပိုင်း မီးသတ်ဦးစီးအရာရှိ ဦးအေး ကျောက်က ''မီးလောင်ကျွမ်းမှုက မီးဖိုကနေတစ်ဆင့် ဂိုဒေါင်အနီး မှာရှိတဲ့ အဖီတွဲအိမ်ကိုစွဲလောင် တဲ့ ပေါ့ဆမီးလောင်ကျွမ်းမှုဖြစ် တယ်။ ဆုံးရှုံးမှုကတော့ ငွေ သုံး သောင်းကျော်ရှိပါတယ်။ နောက် အခုအချိန် မှာ ပြည်သူတွေအနေနဲ့ မီးလောင်ကျွမ်းမှုကို အထူးဂရုတ စိုက်ပါဝင်ရ မှာဖြစ်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးက အရေး ကြီးပါတယ်''ဟု ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှု မှာ မွန်းလွဲ ၁၂နာရီကျော် ၁နာ ရီဝန်းကျင် တွင်ဖြစ်ပွားပြီး မီး လောင်ကျွမ်းမှုကို မွန်းလွဲ ၁နာရီ ၅မိနစ်တွင် ထိန်းနိုင်ကြောင်း၊ မီး ငြှိမ်းသတ်ရန်အတွက် မီးသတ် ယာဉ် ၁၄စီး၊ အုပ်ချုပ်ရေးမှူး ယာဉ် သုံးစီး၊ အထောက်အကူပြုယာဉ် နှစ်စီးဖြင့် ငြှိမ်း သတ် ခဲ့ ကြောင်း ပြောပြချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုအနီးရှိ စက်မှုဇုန်လုံခြုံရေးစခန်းမှ ဦး မောင်မောင်မြင့်က ''မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝမှာ မီးလောင်ကျွမ်း လို့ မီးခိုးတွေတက်လာလို့ ဇုန်လုံ ခြုံရေးတာဝန်မှူးက ဖြစ်စဉ်ကို အကြောင်းကြားပြီးနောက် မီးသတ် ကားတွေ ရောက်လာ တာ ဖြစ် တယ်။ မီးသတ်ကားမလာခင် သူ တို့ ကြိတ်သတ်ကြတယ်နဲ့တူတယ်။ မီးခိုးမဲတွေထွက်ရာကနေ မီးသတ် ကားမလာခင် မီးခိုးဖြူတွေထွက် လာတာတွေ့တယ်''ဟု ပြောသည်။

စက်မှုဇုန်လုံခြုံရေးအရာရှိ မှ မိမိတို့၏စက်မှုဇုန်အတွင်း မီး လောင်ကျွမ်းမှုများ၊ မသင်္ကာဖွယ် ရာများတွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အကြောင်း ကြားခြင်းများ ပြုလုပ်မှုရှိပြီး စက် မှုဇုန်အတွင်းရှိပြည်သူများ ဘေး အန္တရာယ်ကို ကြိုတင် ကာကွယ် လျက်ရှိကြောင်း ပြောသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ် သက်ပြီး ဖိုက်ဘာဂိုဒေါင်ပိုင်ရှင် ဦးတင်ရွှေအား မီးပေါ့ဆမှု ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့်အရေးယူတိုင် ကြားသွားရန်ရှိကြောင်း အဆိုပါ မီးသတ်အရာရှိ၏ ပြောပြချက် အရ သိရ သည်။

Yangon Media Group

0 comments:

Post a Comment