24.10.13

အရေးပေါ်ရေနစ်သူကို ပြုစုနည်း (First aid)

၁။ အကူအညီခေါ်ပါ
အစောင့် သို့ ရေကူးဆရာ တဦးဦးကိုလှမ်းရှာပါ။ မတွေ့ရင်

အရေးပေါ်ကားကို အကြောင်းကြားပါ။ သင် ၁ဦးထဲဖြစ်နေရင်တော့ အောက်ပါတို့ကို စလုပ်ပါ။

၂။ ရေထဲမှဆယ်ပါ
ရေနစ်နေသူကို ရေထဲကမပီး ကုန်းပေါ်တင်လိုက်ပါ။

၃။ အသက်ရှူမရှူ စစ်ဆေးပါ
သင့်နားကို လူနာရဲ့ ပါးစပ်နဲ့ နှာခေါင်းနားမှာ ထားပီး လေ၀င်လေထွက်ကို စစ်ဆေးပါ။ သင့်ပါးမှာ လေတိုးလားဆိုတာ သင်သတိထားပါ။
လူနာရဲ့ ရင်ဘတ်လှုပ်မလှုပ် သတိထားကြည့်ပါ။

၎။ လူနာအသက်မရှူရင် သွေးခုန်နှုန်းကို စစ်ပါ
သွေးခုန်နှုန်းကို ၁၀စက္ကန့်ခန့် စစ်ပါ။

၅။ သွေးမခုန်တော့ရင် အရေးပေါ်အသက်ကယ်ဆယ်ခြင်းကို စတင်ပါ
လူနာဟာ လူကြီးဖြစ်ခဲ့ရင် သင့်ရဲ့ လက်၂ဖက်ကို ထပ်ပီး လူနာရဲ့ ရင်ဘတ်အလည် (နို့သီးခေါင်းရဲ့ ဘေးတည့်တည့်) နေရာကို သင့်ရဲ့ လက်ဖနောင့်နဲ့ဖိပါ။ ကလေးဖြစ်ခဲ့ရင်တော့ လက်၂ချောင်းနဲ့ပဲဖိပေးပါ။

နံရိုးပေါ်မဖိပါနဲ့။ ကျိုးတတ်ပါတယ်။ ကလေးဆိုရင် ၂လက်မလောက်ပဲဝင်အောင်ဖိပါ။

အချက် ၃၀ ဆက်တိုက်ဖိပါ။ ၁မိနစ်ကို အကြိမ် ၁၀၀ ရအောင်ဖိပါ။ တခါဖိပီးတိုင်း လက်ကို ပြန်ကြွပါ။ ရင်ဘတ်ပြန်ဖောင်းပါစေ။ ဆက်တိုက်ဖိမထားရ။

၆။ အသက်မရှူမချင်း ဆက်တိုက်ပြုလုပ်ပေးပါ
သင်အနေနဲ့ မရွံရှာတတ်ရင်တော့ အချက် ၃၀ ဖိပီးတိုင်း ပါးစပ်နဲ့ ဖြစ်စေ ပစ္စည်းတခုခံပီးဖြစ်စေ ၂ချက် ပါးစပ်နဲ့ လေမှုတ်သွင်းပေးပါ။

အဲဒီနည်းနဲ့ အသက်ပြန်မရှူမချင်း သို့ အကူအညီမရောက်မချင်း တတ်နိုင်သလောက်လုပ်ပေးခြင်းဖြင့် သင်လူ့အသက်ကို ကယ်တင်နိုင်ပါပီ။

ရေကူးခြင်းနဲ့ သိမှတ်ဖွယ်ရာများ

0 comments:

Post a Comment