8.1.14

ဘန်ကောက်ရပ်ဆိုင်းရေး လှုပ်ရှားမှုအတွက် အဓိကနေရာ ခုနစ်နေရာတွင် ဆန္ဒပြမည်

လာမည့်တနင်္လာနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြို့တော်ဘန်ကောက်၏ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းရေး ဆန္ဒပြမှုတွင် အဓိကနေရာ ခုနစ်နေရာ၌ ဆန္ဒပြသွားမည် ဖြစ်ကြောင်း ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က အင်္ဂါနေ့တွင် ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။


ယင်းလပ်အစိုးရကို ဆန့်ကျင်နေသော People’s Democratic Reform Committee (PDRC) ဆန္ဒပြသူများသည် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဘန်ကောက်မြို့တော်ရှိ Ratchdamnoen ရိပ်သာလမ်းမှ နေ၍ ဘန်ကောက်မြို့ရှိ နေရာ ခုနစ်နေရာသို့ ခွဲဖြန့် ဆန္ဒပြမည်ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဆူသက်သောင်ဆူဘန်က ပြောကြားသည်။

ဘန်ကောက်မြို့ ရပ်ဆိုင်းရေး (Bangkok Shutdown) အတွက် ဆန္ဒပြမည့်နေရာ ခုနစ်နေရာတွင် Chaeng Wattana လမ်းပေါ်ရှိ အစိုးရအဆောက်အအုံ နေရာလည်း
ပါဝင်ပြီး၊ အစိုးရ ဝန်ထမ်းများ အလုပ် လုပ်ခြင်းကို ပိတ်ပင်သွားမည် ဖြစ်သည်။

အခြားနေရာများမှာ ရမ်ဆစ် တက္ကသိုလ်နှင့် ကာဆတ်ဆာ့တ်တက္ကသိုလ် တို့က လှုပ်ရှား လုပ်ဆောင်မည့် Lat Phrao လမ်းဆုံ၊ ချူလာလောင်ကွန် တက္ကသိုလ်က လှုပ်ရှားလုပ်ဆောင်မည့် ပါသက်ဝန် လမ်းဆုံနှင့် Victory အထိမ်းအမှတ် ကျောက်တိုင်၊ Silom စီးပွားရေးလုပ်ငန်း အုပ်စုက ဦးဆောင် လှုပ်ရှားမည့် လန်ပီနီဥယျာဉ်၊ National Institute of Development Administration နှင့် Srinakharinwirot တက္ကသိုလ်တို့က ဦးဆောင်လှုပ်ရှားမည့် Asoke လမ်းဆုံနှင့် ဒေါက်တာ Seri Wongmontha နှင့် ဖျော်ဖြေရေးတွင် နာမည်ကျော်သော ပုဂ္ဂိုလ်များ ဦးဆောင် လှုပ်ရှားမည့် Ratchaprasong နေရာများတွင် ယင်းလပ်ဆန့်ကျင်သူများက ဆန္ဒပြကြမည် ဖြစ်သည်။

ယင်းမြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြရာတွင် သုဝဏ္ဏ ဘူမိအပြည်ပြည်ဆိုင် ရာလေဆိပ်နှင့် သယ် ယူပို့ဆောင်ရေးဂိတ် များအပါအဝင် ပြည်သူ လူထု သယ်ယူပို့ဆောင် ရေးလုပ်ငန်းများကို ပိတ်ဆို့မည်မဟုတ် ကြောင်း အတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန် က ပြောကြားသည်။

ယင်းကဲ့သို့ အတိုက်အခံများ၏ မြို့တော်ဘန်ကောက် ရပ်ဆိုင်းရေး (Bangkok Shutdown) လှုပ်ရှားဆန္ဒပြမှုနှင့် ပတ်သက်၍ ထိုင်းအိမ်စောင့်အစိုးရ ဝန်ကြီးချုပ်လည်းဖြစ်၊ အိမ်စောင့်အစိုးရ ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်သူ ယင်းလပ်ရှင်နာဝပ်က စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သော်လည်း ထိုင်းတွင် အရေးပေါ် ဒီကရီ ထုတ်ပြန်ရန်မှာမူ နောက်ဆုံး ဖြေရှင်းရမည့်နည်းလမ်း ဖြစ်ကြောင်း ယင်းလပ်က ပြောကြားခဲ့သည်။

ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြသူ များ၏ အစိုးရရုံးများ အတွက် ပေးနေသော ရေ၊ မီးများကို ဖြတ်တောက်မည် ဟူသော အစီအစဉ်သည် အခြေအနေကို ပိုဆိုးသွားစေမည် ဖြစ်ပြီး၊ ဘန်ကောက်မြို့တော်နေ ပြည်သူများကို ဒုက္ခရောက်စေမည် ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးစနစ်အပေါ် ယုံကြည်မှုလည်း လျော့ကျသွားစေမည် ဖြစ်ကြောင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်က ပြောကြားသည်။

ထိုင်းအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်သာ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပါက ဆန္ဒပြသူများကို ထိုင်းစစ်တပ်က ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ရာ၊ ထိုင်းစစ်တပ်တွင် အရေးပါသော ခေါင်းဆောင်ပိုင်းက စစ်တပ်ပါဝင်ရမှုကို ဆန့်ကျင်ပြီး၊ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ကသာ ကိုယ်တွယ်ရန် ပိုမို လိုလားကြသည်။

မြို့တော်ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုသည် တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ အန္တရာယ် ကြီးကြောင်း
အိမ်စောင့်အစိုးရ အဖွဲ့ တရားရေးဝန်ကြီး ချိုက်ခါဆန်နစ်တီသီရိက သတိပေး ပြောကြားသည်ကို အတိုက်အခံ ဆန္ဒပြ ခေါင်းဆောင် ဆူသက်သောင်ဆူဘန်ကလည်း ပြန်လည် ဝေဖန် ပြောကြားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment