8.1.14

Razer ရဲ့တစ်ခုချင်းစီဖြုတ်တပ်လုပ်လို့ရတဲ့ PC ကို CES မှာပြသခဲ့

လေထဲမှာပျံဝဲနေတဲ့ Module တွေပေါင်းစပ်ထားသလိုမျိုးပြုလုပ်ထားတဲ့ PC တစ်မျိုးကို ဂိမ်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေ အဓိကထုတ်တဲ့ Razer ကုမ္ပဏီက CES ပွဲတွင်စတင်မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ PC ကို Project Christine လို့အ မည်ပေးထားပြီး CPU ၊ Memory ၊ Graphics Card ၊ Power Supply

စတာတွေကိုအကန့်ရှစ်ခုနဲ့ခွဲခြားထားကာ စနစ်ကို အဆင့်မြှင့်ဆိုရင်မိမိအဆင့်မြှင့်ချင်တဲ့အပိုင်းကိုအကန့်များထဲ ထည့်ပြီးမြှင့်တင်နိုင်ကြောင်းသိရသည်။

ဒီဇိုင်းကတော့ PC တွေအတွက်အသစ်အ ဆန်းတစ်ခုဖြစ်ခဲ့ပြီး Razer ရဲ့ Co-Founder ၊ CEO နဲ့ Creative Director တစ်ဦးဖြစ်တဲ့ Min-Ling Tan က “ ကျွှန်တော်တို့က PC လောကကိုမတူညီတဲ့ပုံစံနဲ့ဆန်းသစ်စေ ခဲ့ပြီဖြစ်ကြောင်း ၊ Project Christine ဟာအနာဂတ်အတွက်အရမ်း ကိုစိတ်ကျေနပ်စရာကောင်းတဲ့ တီထွင်မှုတစ်ခုဖြစ်ကြောင်း”ပြောဆိုခဲ့သည်။
Project Christine ကို Computer Tower လို့ချစ်စဖွယ်နာမည်နဲ့ ခေါ်ဆိုကြ ပြီးထို PC မှာထူးခြားမှုအနေနဲ့စက်ရဲ့အခြေအနေတွေကိုစစ်ဆေးနိုင်တဲ့ LED Touch Screen ပါရှိတာပဲဖြစ်ပါတယ်။

BlackFlame : (TSJ Team)
TechSpace Journal

0 comments:

Post a Comment