8.1.14

ဆန်းဒါးလန်းကို အရေးနိမ့်သည့် ပွဲစဉ်တွင် ဒိုင်ဆုံးဖြတ်ချက်ကို မိုယက်စ် အပြစ်တင်

ဆန်းဒါးလန်းကို အရေးနိမ့်သည့် Capital Oneဖလား အကြို ဗိုလ်လုပွဲတွင် ဒိုင်လူကြီး အန်ဒရီ မာရီနာ၏ ဆုံးဖြတ်ချက်များကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ် က ဝေဖန်ပြစ်တင်လိုက်သည်။


အဒမ်ဂျွန်ဆင်ကို တွမ်ကလီဗာလေက ဖျက်ထုတ်သည်ကို မာရီနာက ပင်နယ်တီ ကန်ခွင့်ပေးလိုက်သည့် အခြေအနေအပေါ် မိုယက်စ်က စိတ်ပျက်နေသလို ယခုအခါ ယူနိုက်တက်သည် ပြိုင်ပွဲစုံ (၃)ခုဆက်တိုက် (၂-၁)ဖြင့် ရှုံးနိမ့်ကာ ဖိအားများစွာ တိုးပွားလာပြီ ဖြစ်သည်။ မိုယက်စ် လက်ထက်တွင် ယူနိုက်တက်သည် (၂၀၀၁)ခုနှစ်၊ မေလနောက်ပိုင်း အဆိုးရွားဆုံး ရလဒ်ကို ကြုံလာရပြီ ဖြစ်သည်။ စကော့သား မန်နေဂျာက ယခု ရှုံးပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်က ကြီးမားစွာ သက်ရောက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

"ဒီလို ဖျက်ထုတ်မှုလေးကို တခြားပွဲ တစ်ပွဲမှာလည်း ကစားသမားတစ်ယောက် အဝါကတ် ထိဖူးတယ်။ ဒါတွေအားလုံး ဒိုင်တွေအပေါ်ပဲ မူတည်တယ်။ သူတို့စိတ်ထဲမှာ ပေါ်လာတဲ့ အတိုင်း လျှောက်လုပ်နေတာပါပဲ။ ခုဆိုရင် ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေအပြင် ဒိုင်တွေနဲ့ပါ ရင်ဆိုင်ကစားရမလို ဖြစ်နေပြီ"ဟု မိုယက်စ်က အရွဲ့တိုက်ခဲ့သည်။ ၎င်းက "တကယ်ဆိုးရွားတဲ့ အခြေအနေပါ။ ဒါတွေက လက်တွေ့ဖြစ်ခဲ့ပြီ။ ခုတော့ ကျွန်တော်တို့ ဒိုင်တွေလုပ်သမျှကို စပြီး ဟားတိုက်ရယ်ချင်လာပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရှေ့ဆက်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ အမှားများများလည်း မလုပ်ခဲ့ဘူး။ ပထမဂိုးကို ကျွန်တော်တို့ ပြစ်ဒဏ်ဘောကနေ ပေးလိုက်ရတယ်။ ဒါပေမဲ့ အဲဒါဟာ ဘယ်တော့မှ ပြစ်ဒဏ်ဘော မပေးသင့်တဲ့ အခြေအနေပါ။ ကျွန်တော်တို့ ကန်ခွင့်ရရမယ့် ပြစ်ဒဏ်ဘောပါ"ဟု ပြောကြားခဲ့သည်။

၎င်းက "ဒိုင်လူကြီးက ကျွန်တော်တို့ရဲ့ ဦးတည်ရာတိုင်းကို ထိုးနှက်နေ ခဲ့တယ်လို့ ထင်ပါတယ်။ ဂျွန်နီအီဗန်စ်က ဆိုင်မွန် ဖလက်ချာနဲ့ လေထဲမှာ ဘောလုံးယှဉ်လုတာကို ပြစ်ဒဏ်ဘော ပေးလိုက်တယ် ဆိုတာ မယုံနိုင်စရာပါပဲ" ဟုလည်း ဝေဖန်သွားသည်။

Soccer Myanmar

0 comments:

Post a Comment