17.1.14

ငါအတော်ဆုံး၊ ငါအတတ်ဆုံး စိတ်လေးနဲ့ ပြိုင်ပွဲဝင်ကြပါလို့ဆိုတဲ့ Chun Chun

The Model Academy ကတစ်ဆင့် အနုပညာလောကထဲကို ၀င်ရောက်လာတော့မယ့် Chun Chun နဲ့တွေ့ဆုံခိုက် The Model Academy မှာ ၀င်ပြိုင်ဖြစ်ခဲ့ပုံနဲ့ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေ အကြောင်း မေးမြန်းဖြစ်တဲ့အခါ ‘Model Academy မှာ ၀င်ပြိုင်ဖြစ်ခဲ့ပုံက မျက်နှာသစ်မော်ဒယ်တွေ အလိုရှိတယ်ဆိုတော့ ညီမကလဲ တစ်ခါမှ မလုပ်ဖူးသေးတော့ စမ်းပြီး လုပ်ကြည့်ရင်းနဲ့
ဝင်ပြိုင်ဖြစ်သွားတာပါ။ တီဗီမှာကြော်ငြာတယ်။ မျက်နှာသစ်တွေ လိုချင်တယ် ဆိုတာနဲ့ စိတ်ဝင်စားသွားတာပြီးတော့ အစီအစဉ်လေးကလဲ မဆိုးဘူးဆိုပြီး ၀င်ပြိုင်ဖြစ်တာပါ။ ပထမဆုံးလုပ်တဲ့ပွဲဖြစ်တဲ့အတွက် စစချင်း လူတွေ့တော့ အရမ်းရင်ခုန်တယ်။ ပြီးတော့ ဒီပွဲက ခက်ခက်ခဲခဲလေးတွေလဲ လုပ်ရတော့ ကိုယ်ကျော်လွှားနိုင်ပါ့မလားဆိုတဲ့ အတွေးလေးတွေတော့ ရှိခဲ့တယ်။

ကိုယ်ကလဲ အတွေ့အကြုံသိပ်မရှိတော့ ပွဲတိုင်းမှာတော့ အခက်အခဲလေးတွေရှိခဲ့တယ်။ ပြီးတော့ အင်တာနေရှင်နယ်က ထရိန်နင်လုပ်ရတဲ့အတွက် ကိုယ့်အတွက်ကို အရမ်းကောင်းတဲ့ အခွင့်အရေးမျိုးပါ။ ဘယ်သူမှလဲ မရနိုင်တဲ့ အခွင့်အရေးမျိုးလေ။ အဲဒါကိုရတဲ့အတွက် ဂုဏ်ယူမိတယ်။ ဒီပွဲကို ၀င်ပြိုင်ဖြစ်ခဲ့တာကို မှန်တယ်လို့လဲသုံးသပ်မိပါတယ်။ Chun အခု မဂ္ဂဇင်းတွေရိုက်တယ်။ ပွဲတွေလိုက်တက်ပေးတယ်။ ကော်မာရှယ်လေးတွေ ရိုက်ထားတယ်။ Kaneboပေါ့။ Moda Magazineမှာလဲ ကာဗာရိုက်ထားတယ်။ ညီမတို့က MRTV4နဲ့တော့ အလုပ်တွေ အများကြီး ဆက်လုပ်သွားဖို့ရှိပါတယ်။ အနုပညာမျိုးရိုးလဲ မရှိပါဘူး။ ဒီအလုပ်က Chun ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တဲ့အလုပ်တစ်ခုပါ။ သရုပ်ဆောင်တော့ ၀ါသနာမပါဘူး။ မော်ဒယ်တစ်လိုင်းတည်းပဲ သွားမှာပါ။ ညီမက တီချယ်မမြရွှေဝါဆီမှာ တက်ခဲ့တာပါ။ ညီမလေးစားအားကျရတဲ့ မော်ဒယ်ကတော့မနန်းခေးမားပေါ့။ အရမ်းသဘောကျပါတယ်။ နောက်ထပ်ဝင်ပြိုင်မဲ့ ပြိုင်ပွဲဝင်တွေကို ပြောချင်တာက ဘယ်လောက်ပဲ အခက်အခဲရှိရှိ ဇွဲမလျှော့ပဲပြိုင်ကြပါ။ ငါသာအတော်ဆုံး၊ ငါသာ အတတ်ဆုံးဆိုတဲ့ စိတ်လေးနဲ့ပြိုင်ကြရင် အောင်မြင်မှာပါလို့ပြောချင်ပါတယ်။

ခင်ဆွေသက်
Trend Myanmar

0 comments:

Post a Comment