17.1.14

မြန်မာနိုင်ငံ အပူပိုင်းဇုန်သုံးခုရှိ အိမ်ထောင်စု ၁၈ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ အဟာရမလုံလောက်ဟုဆို

မြန်မာနိုင်ငံ အပူပိုင်းဇုန်သုံးခုရှိ အိမ်ထောင်စုများတွင် ၁၈ ရာခိုင်နှုန်းကျော်သည် ဆင်းရဲနွမ်းပါးမှုများနှင့် ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ VAM Officer Nicolas Guillaud က ဇန်န ၀ါရီ ၁၆ ရက်တွင် ပြောသည်။


ယင်းဒေသများအတွင်း စားနပ်ရိက္ခာဖူလုံမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် အဟာရအခြေအနေများကို ကျေးလက် ဒေသဖွံဖြိုးရေးဦးစီးဌာန၊ Save the Children နှင့် WFP တို့ ပူးပေါင်းဆောင်ရွက်ပြီး စစ်တမ်းများကောက် ယူခဲ့မှုအပေါ် အခြေခံကာ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အပူပိုင်းဒေသသတ်မှတ်ထားသော ဇုန်သုံးခုအဖြစ် ပြည်နယ်နှင့်တိုင်း လေးခုအတွင်းမှ အပူပိုင်းခြောက် သွေ့ဒေသများ၊ ကုန်းမြင့်ဒေသများနှင့် ရေနစ်မြုပ်ဒေသများရှိ မြို့နယ်ပေါင်း ၆၁ ခု၊ အိမ်ထောင်စုပေါင်း ၁၈၀၀ ကို လေ့လာပြီး အသက်ငါးနှစ်အောက် ကလေးသူငယ် ၂၂၀၀ ကို စစ်တမ်းကောက်ယူပြီး လေ့ လာခဲ့သည်ဟု ဆိုသည်။
“ဇုန်သုံးခုကို ခြုံပြီးကြည့်လိုက်ရင် ၁၈ ဒသမ ၅ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှုအောက် ရောက်နေတယ်။ ဒီလို ဖြစ်နေရတဲ့အကြောင်းတွေကတော့ အများကြီးရှိပါတယ်။ ဇုန်အလိုက်ကွဲပြားမှုတွေလည်း ရှိပါတယ်။ မိုးမ မှန်မှုတွေ၊ မိုးအနည်းအများဒေသတွေ၊ ဈေးကွက်ရောင်းချမှု အနေအထားပေါ်မှာ မူတည်တယ်။ သတ် မှတ်ထားတဲ့ ဇုန်ပေါ်မှုတည်ပြီး ကွဲပြာသွားတယ်”ဟု Nicolas Guillaud က ဆိုသည်။

ထို့ပြင် ယင်းဒေသများရှိ မိသားစု ၂၀ ရာခိုင်နှုန်းသည် အဟာရမလုံလောက်မှုများနှင့် ရင်ဆိုင်နေရပြီး၂၅ ရာခိုင်နှုန်းသည် လယ်ယာမြေအတွက် ကျွဲနွားများ လက်မဲ့ဖြစ်ကာ ၄၀ ရာခိုင်နှုန်းသည် လယ်ယာမြေမဲ့ သူများဖြစ်သည်ဟု ပြောသည်။

“ဘာကြောင့် ဆင်းရဲလဲဆိုတာကိုတော့ မလေ့လာထားဘူး၊ သူတို့(မိသားစု) လက်ရှိအနေအထား ဘယ် လိုရှိတယ်တော့ လေ့လာထားတယ်”ဟု VAM 0fficer Nicolas Guillaud က ပြောသည်။

လက်ရှိစစ်တမ်းကောက်ယူထားမှုသည် မကွေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ ကချင်ဒေသများတွင် ကောက် ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကောက်ယူနိုင်ရန် ဆောင်ရွက် လျက်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးဦးကျော်မိုးလှိုင်က “ဒီစစ်တမ်းကထွက်လာတဲ့ အ ချက်အလက်တွေက အများကြီး အကျိုးရှိပါတယ်။ ထွက်ရှိလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ဘယ်ဒေသတွေမှာ ဘာလုပ်ငန်းတွေ သက်ဆိုင်ရာ တိုင်းဒေသကြီးအနေဖြင့် အခြေခံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်တယ်”ဟု ပြောသည်။

စစ်တမ်းများအရ ငါးနှစ်အောက် ကလေးငယ်တစ်ရာလျှင် ၁၂ ယောက်နှုန်း အဟာရပြည့်ဝမှု မရရှိသလို အိမ်ထောင်စုတစ်ရာလျှင် အိမ်ထောင်စု ၃၁ စုမှာ အခြေခံအားဖြင့် စီးပွားရေး အဆင်မပြေမှုများကြောင့် ပြည်တွင်း၊ ပြည်ပ ရွှေ့ပြောင်းပြီး လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

Mizzima - News in Burmese

0 comments:

Post a Comment