5.12.14

လေအိတ်ပြဿနာကြောင့် တိုယိုတာကုမ္ပဏီက ကားအစီးရေ ၁၉ဝဝဝဝကျော် ပြန်လည်ရုပ်သိမ်း

တိုယိုတာမော်တော်ကား ကုမ္ပဏီ က ဂျပန်နှင့် တရုတ်နိုင်ငံများမှ မော် တော်ကားစီးရေ ၁၉ဝဝဝဝအား ပြန် လည်ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အကြောင်းရင်းမှာ တာကာတာကုမ္ပဏီ ကထုတ်လုပ်ခဲ့သည့် အရှေ့ပိုင်းထိုင် ခုံနံဘေးမှ လေအိတ်မှာ အဆင်မပြေ ၍ဖြစ်ကြောင်း၊ အသစ်ပြန်လည်လဲလှယ် ရမည်ဖြစ်ကြောင်း၊ ဤသို့ ပြန်ရုပ်သိမ်း ရခြင်းမှာ နောက်ဆုံးဖြစ်ပြီး ကားလုံ ခြုံရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ အနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင် နေရကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

တာကာတာလေအိတ်များကို ပြန်လည်ရုပ်သိမ်းနေခဲ့ရာ တိုယိုတာ ၏ ၂ဝ၁၃ခုနှစ်မော်ဒယ် Will Cypha ကားများ၌ တပ်ဆင်ခဲ့ပြီး လွန်ခဲ့သော လက
ပြန်လည်ဖြုတ်ခဲ့ ရကြောင်း ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တိုယိုတာကုမ္ပဏီသည် ဂျပန် နိုင်ငံအတွင်း မော်ဒယ် ၁၉ မျိုးပါ ဝင်သည့် ကားပေါင်း ၁၈၅ဝဝဝကို လည်း ပြန်လည်ရုပ်သိမ်းရမည်ဖြစ် ရာ Corolla နှင့် Alphard တို့ပါဝင် သည်။

အခြားမော်ဒယ်ကားအစီး ၅ဝဝဝ ကိုလည်း တရုတ်ပြည်တွင် ပြန်လည် ရုပ်သိမ်းရမည် ဖြစ်သည်။

တိုယိုတာက ၄င်းအနေဖြင့် အဆိုပါကားများအား ကြိုတင်သတိ ပေးချက်အဖြစ် ပြန်လည်ရုပ်သိမ်း ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပြဿနာ များ တစ်စုံတစ်ရာဖြစ်သည်ကိုမူ မ ကြားရသေးဟု ဆိုသည်။

Reuters (Democracytoday)

0 comments:

Post a Comment