5.12.14

အစ္စရေးအား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်သည့် ဥပဒေ မူကြမ်းကို အမေရိကန်ကွန်ကရက်က အတည်ပြု

အမေရိကန်လွှတ်တော်အမတ် များသည် မကြာသေးခင်က တင်းမာ မှုများရှိ ခဲ့သော နှစ်နိုင်ငံပူးပေါင်းရေး သဘောတူညီချက်အတွက် အစ္စရေး အား အမေရိကန်၏ အဓိကကျသော မဟာဗျူဟာဆိုင်ရာ မိတ်ဖက်နိုင်ငံ အဖြစ်သတ်မှတ်ရေး ဥပဒေတစ်ရပ် အတည်ပြုရန် ယမန်နေ့က တညီတ ညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြကြောင်း AFP သတင်းများအရ သိရသည်။

အောက်လွှတ်တော်သည် ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ စွမ်းအင်၊ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ရေစီမံခန့်ခွဲရေးတို့နှင့် ပတ်သက်ပြီး ပူးပေါင်းမှု တိုးမြှင့်ပေး မည့် အမေရိကန်- အစ္စရေး မဟာ ဗျူဟာဆိုင်ရာ ပူးပေါင်းရေး အက် ဥပဒေ ၂၀၁၄ ကို အတည်ပြုခဲ့ကြ သည်။

စက်တင်ဘာလက အထက် လွှတ်တော်က အတည်ပြုခဲ့သော အဆိုပါ ဥပဒေမူကြမ်းကို ယခုအချိန် တွင် အမေရိကန်သမ္မတဘားရက်အို ဘားမားက လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

ထိုဥပဒေသည် ပင်တဂွန်အနေ ဖြင့် အရှေ့အလယ်ပိုင်း စစ်ဆင်ရေး များ ပိုမိုပြုလုပ်နိုင်ရေးအတွက် အစ္စရေးရှိ အမေရိကန်လက်နက်သို လှောင်မှုကို တိုးမြှင့်ပေးမည် ဖြစ်သည်။ အရေးပေါ်အခြေအနေဖြစ်ပါက ထိုလက်နက်များကို အစ္စရေးအား အသုံးပြုခွင့်ပေးထားကြောင်းလည်း သိရသည်။

ယခုနှစ်အစောပိုင်းက ကွန်ကရက်သည် အစ္စရေး၏Iron Dame ဒုံးပျံကာ ကွယ်ရေးစနစ်အ တွက် အမေရိကန်ထောက်ပံ့ငွေကို ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၃၅၁ သန်းအထိ တိုးမြှင့်ခဲ့သည်။

''အစ္စရေး ဟာသိပ်ကို အမှောင်ဖုံးလွှမ်းနေတဲ့ ဒေသမှာ တောက်ပတဲ့အ လင်းရောင် တစ်ခုဖြစ်ပါတယ်''ဟု ဒီမိုကရက်တစ် Eliot Engel က ပြောခဲ့သည်။

''အစ္စရေးအတွက် ခြိမ်းခြောက် မှု အန္တရာယ်တွေကနေ လွတ်ကင်း အောင် ကျွန်တော်တို့ အလုပ်လုပ်ရ ပါမယ်''ဟု နိုင်ငံခြားရေးရာကော်မတီ အဖွဲ့ဝင်Ea Royce က ပြောကြား ခဲ့သည်။ အိုဘားမားစီမံခန့်ခွဲရေး သည် အမေရိကန် နည်းပညာနှင့် ပစ္စည်းတချို့ကို အစ္စရေးအား လွတ်လပ်စွာတင်သွင်းခွင့်ပေးခြင်း တို့လည်း အဆိုပါဥပဒေတွင် ပါဝင် ကြောင်း သိရသည်။

Ref : AFP  (Democracytoday)

0 comments:

Post a Comment