5.12.14

သမိုင်းထဲက ဒီနေ့။ထိုင်းဘုရင်မင်းမြတ်ရဲ့ ၈၆ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်

ဒီဇင်ဘာ ၅ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေ များစွာရှိသလို ဒီဇင်ဘာ ၅ ရက်နေ့မှာ မွေးဖွားခဲ့ကြတဲ့ ထင်ရှားကျော်ကြားသူများလည်း များစွာ ရှိပါတယ်။
ထိုနေ့များထဲမှာမှ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ရဲ့ လက်ရှိ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျ ရဲ့ ၈၆ နှစ်မြောက် မွေးနေ့လဲ ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ကို ဘုရင် ရာမ ၉ လို့လဲ သိကြပါတယ်။
ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ၊ မန်ဆာချူးဆက်ပြည်နယ် ၊ ကမ်းဘရေခ်ျ မှာ မွေးဖွားခဲ့ပါတယ်။ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျ အပါအ၀င် ထိုင်းနိုင်ငံတစ်ဝန်းအများစု ယုံကြည် ကိုးကွယ်တာ ကတော့ ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။
ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂ်ျ ကို ထိုင်းနိုင်ငံသူ ၊ နိုင်ငံသားတွေက အလွန် ရိုသေလေးမြတ်မှုကို ခံရတဲ့ ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။

Ref : Wiki

0 comments:

Post a Comment