7.11.15

စင်ကာပူရောက် မြန်မာများ မဲပေးရန် ပြန်လာ


ရွေးကောက်ပွဲမဲပြန်ပေး မည့် Fly to Vote အဖွဲ့မှ မြန်မာနိုင်ငံသား ၁၅၈ ဦး နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
ရွေးကောက်ပွဲ၌ ဆန္ဒမဲပေး ရန် စင်ကာပူရောက် မြန်မာနိုင်ငံ သားများ စုပေါင်းဖွဲ့စည်းထား သည့် ယင်းအဖွဲ့သည် MAI လေ ယာဉ်ဖြင့် စုပေါင်းရောက်ရှိလာခဲ့ ကြပြီး လိုက်ပါလာသူ အားလုံးမှာ အနီရောင်တီရှပ်ပေါ်တွင် ‘‘ပြောင်းလဲဖို့ မဲပေးစို့’’ဟူသော စာတန်းပါအင်္ကျီများ ဆင်တူဝတ်ဆင်ခဲ့ကြ သည်။

 ‘‘စင်ကာပူကနေလာပြီး မဲ ထည့်မယ့်သူအားလုံး ပေါင်းရင် တော့ ဦးရေ ၂၀၀၊ ၃၀၀ လောက် ရှိမယ်။ အရင်ရက်တွေက MNA လေကြောင်းလိုင်းနဲ့ နည်းနည်းစီ အသုတ်လိုက်ပြန်လာကြတာ တွေရှိတယ်။ အခုက MAI လေ ယာဉ်နဲ့ လူအင်အားအများဆုံး စုပေါင်းလာတာပါ’’ဟု အဆိုပါအဖွဲ့စီစဉ်သူ ကိုစောမျိုးမင်းလှိုင်က ပြောသည်။
         Fly to Vote အဖွဲ့အား ကြိုတင်ရောက်နှင့်သူများ၊ ၎င်းတို့ မိသားစုဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းအချို့ အပါအ၀င်အင်အား ၂၀၀ ခန့်က လာရောက်ကြိုဆိုခဲ့ကြသည်။
‘‘အရင်က ကျွန်တော်တို့ နိုင်ငံက အာရှမှာ ထိပ်တန်းဖြစ်ခဲ့တယ်။ အနှစ် ၅၀ ကာလအတွင်း အုပ် ချုပ်မှုလွဲမှားမှုကြောင့် အီသီယိုးပီးယားနိုင်ငံအောက်ကိုတောင် ရောက်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြောင်းလဲမှုလိုချင်ပြီ။ ပြောင်းလဲမှုမှာလည်း ကိုယ်တိုင် ပါဝင်ချင်လို့ တကူးတကပြန်လာ ပြီး မဲပေးဖြစ်တာပါ’’ဟု စင်ကာပူ နိုင်ငံတွင် နည်းပညာရှင် တစ်ဦး အဖြစ် အလုပ်လုပ်ကိုင်နေသည့် ကိုအောင်မျိုးဝင်းက ပြောသည်။
စင်ကာပူနိုင်ငံတွင် ကြိုတင်မဲတောင်းခံစဉ်ကလည်း မြန်မာနိုင်ငံသား တစ်သောင်းခန့်အင်အားပြည့်တက်ကြွစွာ မဲပေးခဲ့ကြသည်။

‘‘ကြိုတင်မဲနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိတယ်။ ကြိုတင်မဲနဲ့ ပတ် သက်လို့လည်း ကျွန်တော်တို့ စင် ကာပူမှာ စနစ်တကျအချက်လက် ကောက်ထားတာရှိတယ်။ အဲဒါကိုခိုင်မာအောင် ပြည်တွင်းပြည်ပ အဖွဲ့တွေဆီ ပို့ထားတယ်။ ဒါပေ မဲ့ အဲဒါက မသမာမှုမရှိနိုင်ဘူးလို့တော့ မပြောနိုင်ဘူး’’ဟု ကြိုတင်မဲပေးစဉ်ကလည်း စင်ကာပူနိုင်ငံတွင် လုပ်အားပေးအဖြစ် ပါဝင်ခဲ့သည့် ဦးစိုးထွန်းက ပြောသည်။
 ယခုပြန်လာခဲ့သူများတွင် ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲများ၌ မဲပေးခဲ့ခြင်းမရှိသူများ လည်းပါဝင်သည်။ ယခုရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဟု လက်ခံထား၍ မဲပေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု စင်ကာပူနိုင်ငံတွင် ဘူမိဗေဒပညာရပ်ဖြင့် သွားရောက်လုပ်ကိုင်နေသည့် ပညာရှင်တစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံးမဲပေးမည့် ဦးအောင်မိုးသိန်းက ပြောသည်။
ရောက်ရှိလာသူအများစုသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို အားပေးရန် ဆုံးဖြတ် ထားကြပြီး ၎င်းတို့ ထောက်ခံသောပါတီအနိုင်ရရှိမည်ဟု ယုံကြည် ထားကြောင်း 7Day Daily မှ မေးမြန်းခဲ့သူ ၁၀ ဦးက တညီတညွတ် တည်းဖြေသည်။
‘‘မိသားစုတွေနဲ့ အတူတူ တိုင်ပင်ထားတဲ့အတိုင်း မဲထည့်ပြီးအောင်ပွဲခံသွားမယ်’’ဟု ကိုစော မျိုးမင်းလှိုင်က ပြောသည်။
စင်ကာပူမှပြန်၍ မဲပေးသူ အချို့မှာ လုပ်သက်ခွင့်ကုန်ဆုံးပြီး ဖြစ်၍ ၎င်းတို့ လုပ်ခလစာထဲမှအဖြတ်ခံကာ လာရောက်သူများ လည်းရှိနေပြီး အများစုမှာ အလုပ်ရှင်ကိုယ်တိုင် လိုလိုလားလားဖြင့် ခွင့်ပေးသဖြင့် အဆင်ပြေစွာ လာနိုင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
‘‘ခွင့်ရက်ကျန်မရှိတော့တဲ့ သူတွေကျတော့ လစာအဖြတ်ခံ ရတာရယ်၊ လေယာဉ်စရိတ်ရယ် ပေါင်းရင် ဒေါ်လာ ၅၀၀ လောက် ကို အကုန်ခံပြီး မဲပေးနိုင်ဖို့ ရင်းနှီးခဲ့ရတယ်’’ဟု ယင်းအဖွဲ့တွင် ပါဝင်သူဦးအောင်မျိုးဝင်းက ပြောသည်။

Credit To >>> 7Day News 

0 comments:

Post a Comment