7.11.15

သမ္မတ၏ ခရီးစဉ်များ ဥပဒေစည်းကမ်းနှင့်ညီဟု ရွေးကောက်ပွဲကော်မရှင်ဆို

တရားဝင်မဲဆွယ်စည်း ရုံးရေးကာလအတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သွားရောက်ခဲ့ သည့် ခရီးစဉ်များသည် ပါတီမဲ ဆွယ်သည့် သဘောသက်ရောက် သဖြင့် လိုအပ်သလို ဆောင်ရွက် နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက တိုင်ကြားမှုအပေါ် သမ္မတ၏ ခရီးစဉ်များသည် မဲ ဆွယ်ခရီးစဉ်မဟုတ်ဘဲ သက်ဆိုင် ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနှင့် ကိုက်ညီသော ခရီးစဉ် သာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အ ကြောင်းပြန်သည်။

 ဒီချုပ်ကလိုအပ်သလိုဆောင်ရွက်ပေးရန် နိုဝင်ဘာ ၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြခဲ့ပြီး နိုဝင်ဘာ ၅ရက်တွင် ကော်မရှင်ကအကြောင်း ပြန်စာပေးပို့ခဲ့ခြင်း ဖြစ်သည်။
သမ္မတ၏ ပြည်တွင်းခရီးစဉ် သည် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ထားဆောင်ရွက်ရန် သွားရောက် သော ခရီးစဉ်ဖြစ်ပြီး သဘာဝ ဘေးဒဏ် ခံစားခဲ့ရသော ပြည် နယ်၊ တိုင်းဒေသကြီးများသို့ သွား ရောက်ခြင်းဖြစ်၍ ပါတီစည်းရုံး ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မဟုတ်သည်ကို ထင်ရှားစွာ တွေ့ ရကြောင်း အကြောင်းပြန်စာက ဆိုသည်။
သမ္မတသည် နိုင်ငံသားအား လုံး၏ အထွတ်အထိပ်နေရာကို ရရှိသည့် နိုင်ငံ့အကြီးအကဲတစ် ဦး ဖြစ်သကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သော ကြောင့် ၎င်းအား ချစ်ခင်လေးစား သည့် ပြည်သူများနှင့် ပါတီဝင် များ ကြိုဆိုခြင်းသည် ၎င်းတို့ ဆန္ဒအရ လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အထက်ပါ အကြောင်းအ ချက်များအရ သမ္မတဦးသိန်းစိန် ၏ ပြည်တွင်းခရီးစဉ်များမှာ အစိုး ရအဖွဲ့ ခရီးစဉ်သာဖြစ်သဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေများ၊ ရွေးကောက် ပွဲဆိုင်ရာ စည်းမျဉ်း စည်းကမ်း များနှင့် ကိုက်ညီသော ခရီးစဉ်ဖြစ်ကြောင်း အကြောင်းပြန်ထား သည်။
‘‘သူတို့က သူငယ်ချင်းတွေ လေ။ ဘာမှ အရေးယူမှာမဟုတ် ဘူး။ ဒါပေမဲ့ အခုမြန်မာနိုင်ငံမှာ နိုင်ငံတကာက လေ့လာစောင့် ကြည့်သူတွေ ရောက်နေတယ်။ သူတို့သိသွားတာပေါ့။ ကျွန်တော် တို့က မတရားတာကိုတော့ ဖော် ထုတ်ဖို့ တာဝန်ရှိတယ်’’ ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောကြားသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment