7.11.15

အစားအသောက်၊ ရောဂါပိုးကြောင့်အပြင် အခြားသော အကြောင်းများကြောင့်လည်း ကျောက်ကပ်ရောဂါဖြစ်ပွားနိုင်


  ကျောက်ကပ် ရောဂါသည် အစားအသောက်၊ ရောဂါပိုး အပြင် အခြားသောအ ကြောင်းများကြောင့်လည်း ဖြစ်ပွား နိုင်ကြောင်း သိရသည်။
''ကျောက်ကပ် ပျက်စီးတာက တညင်းသီးကြောင့်ဖြစ်တယ်လို့ လူသိများကြတယ်။
ဆိုးဆေးတွေ သုံးထားတဲ့ အစားအသောက်တွေ၊ အီကိုလိုင်ပိုးပါတဲ့ အစားအသောက် တွေကြောင့်လည်း ကျောက်ကပ် ပျက်စီးနိုင်တဲ့အပြင် မြွေကိုက်ခံရ တာနဲ့ ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ မျိုးမှာ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်နိုင်တယ်''ဟု အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီးဒေါက်တာ ဝင်းဝင်းမြင့်ကပြောကြားသည်။
ဆေးဝါးကြောင့်လည်း ကျောက်ကပ် ပျက်စီးနိုင်
****************************************************
''စိတ်ရောဂါဖြစ်တဲ့သူတွေမှာ ရေရှည်သောက်ရတဲ့ လစ်သီယမ် လို့ခေါ်တဲ့ ဆေးဝါးတစ်မျိုးက လည်း ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ အဲဒီဆေးကို နှစ်နဲ့ချီပြီးစွဲ သောက်နေရတဲ့သူတွေ အနေနဲ့လည်း ကျောက်ကပ် ပျက်စီးစေနိုင်တဲ့ အတွက် ကျောက်ကပ်ကိုပုံမှန်စစ် ဆေးတာ လုပ်သင့်တယ်''ဟု အထွေ ထွေရောဂါကု ဆရာဝန်ဒေါက်တာ ခင်အေးထက် (မိုးမခ)ကလည်း ပြောသည်။
ကျောက်ကပ်ပျက်စီးပါက အချို့သောသူများမှာ ပြည်ပနိုင်ငံများသို့ပင် သွားရောက်ပြီး ကျောက်ကပ် အစားထိုးလဲရကြောင်း၊ ယင်းကဲ့သို့ ပြည်ပ နိုင်ငံများသို့ သွားရောက်ပြီး ကျောက်ကပ်အစားထိုးပါက သိန်း ပေါင်းရာနှင့် ချီပြီး ကုန်ကျနိုင်ကြောင်း၊ ကျောက်ကပ်မလဲရသည့်တိုင်အောင် ကျောက် ကပ်ဆေးရပါကလည်း မသေမချင်း ကြိမ်ဖန်များစွာကျောက်ကပ်ကိုဆေးရ သဖြင့် ငွေကုန်ကြေး ကျအလွန်များကြောင်း၊ အချို့ သောလူနာရှင်များမှာ အိမ်တစ်အိမ် လုံးကိုရောင်းချပြီး ကုသရသည်များလည်းရှိကြောင်း ယင်းကဆက်လက် ပြောကြားသည်။
ဆီးချို၊ သွေးတိုးစသည့် နာတာ ရှည်ရောဂါများကြောင့် ကျောက်ကပ် ပျက်စီးနိုင်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက် တာ ဒေါ်ဝင်းဝင်းမြင့်က ဆက်လက်ပြောသည်။
''ဆီးချို၊သွေးတိုး ရောဂါရှိသူ တွေအနေနဲ့ ရောဂါဖြစ်တာကြာလာ ရင် ကျောက်ကပ်ပျက်စီးနိုင်ပါ တယ်။ ကျောက်ကပ်ပျက်စီးရင် အသက်အန္တရာယ်လည်း ထိခိုက်နိုင် တဲ့အပြင် ကျောက်ကပ်ဆေးရတဲ့ အခါမှာလည်း ငွေကုန်ကြေးကျအလွန်များတဲ့အတွက် ကြိုတင်ကာကွယ် ဖို့လိုအပ်ပါတယ်။ ဆီးချိုမဖြစ်အောင် အချိုတွေအများကြီးမစားဖို့ လိုအပ် သလို ကစီဓာတ်တွေပါတဲ့ အစားအသောက်တွေကိုလည်း လျှော့စား ရမှာပါ။ သွေးတိုးရောဂါမဖြစ်အောင် ငါးပိ၊ ငါးဆားနယ်တွေကို လည်း လျှော့စားဖို့လိုအပ်ပါတယ်''ဟု ယင်းကပြောသည်။
နာတာရှည်ဆီးချို ရောဂါဖြစ်ပွားသူတစ်ဦးသည် နာတာရှည် ကျောက်ကပ် ပျက်စီးသည့်ရောဂါသည်အဖြစ်သို့ပါ ရောက်ရှိသွားနိုင် ကြောင်း လည်းသိရသည်။
မစားသင့်သည့် အစားအစာများ
***************************************
ထို့ပြင် ကျောက်ကပ်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တညင်းသီးအပြင် မျှစ်၊ မှိုအစရှိ သည့် အဆိပ်အတောက်ပါဝင်သည့် အစားအသောက်များကို တတ်နိုင် သမျှရှောင်ကြဉ်သင့်ကြောင်း၊ အ ဆိုပါ အစားအသောက်များသည် အခန့်မသင့်ပါက ကျောက်ကပ်ပျက် စီးခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်းကို လည်းသိရသည်။
ကျောက်ကပ်ပျက်စီးပါက လူ နာ၏ အသက်အန္တရာယ်ထိခိုက်စေ နိုင်သည့်အပြင် ရောဂါကုသရာတွင် ငွေကုန်ကြေးကျ အလွန်များ သဖြင့် ကျောက်ကပ်မပျက်စီးစေရန် ကြို တင်ကာကွယ်မှုများကို ပြု လုပ်သင့် ကြောင်း၊ အဆိုပါဆီးချို၊ သွေးတိုး စသည့်ရောဂါများ မဖြစ်ပွားစေရန် အစားအသောက်ကို ဆင်ခြင်သင့် ကြောင်းသိရသည်။
\
Credit To >>> Democracy News 

0 comments:

Post a Comment