7.11.15

ရွေးကောက်ပွဲနေ့တွင် ဈေးဝယ်စင်တာနှင့် ကုန်တိုက်အချို့ နေ့တစ်ဝက်ပိတ်မည်


 ရွေးကောက်ပွဲကျင်းပ မည့် နိုဝင်ဘာ ၈ ရက်တွင် ရန် ကုန်မြို့တွင်းရှိ အထင်ကရဈေး ၀ယ်စင်တာအချို့နှင့် ကုန်တိုက် များနေ့တစ်ဝက်ပိတ်မည်ဟု သ တင်းရရှိသည်။
အထွေထွေရွေးကောက်ပွဲ တွင် ဈေးဝယ်စင်တာများနှင့် ကုန် တိုက်များမှ ၀န်ထမ်းများအဆင် ပြေစွာမဲပေးနိုင်ရန် စီးတီးမတ်အ ရောင်းဆိုင်များနှင့် ဂမုန်းပွင့်ကုန် တိုက်တို့သည် နံနက်ပိုင်းနေ့တစ် ၀က် ပိတ်ထားမည်ဖြစ်ပြီး နေ့ လယ် ၁၂  နာရီမှ ပြန်လည်ဖွင့်လှစ် မည်ဟု ယင်းအရောင်းစင်တာများ မှ တာဝန်ရှိသူများကပြောကြားသည်။

‘‘ရွေးကောက်ပွဲနေ့မှာ ၀န် ထမ်းတွေအဆင်ပြေပြေ မဲပေးရ အောင်လို့ အရောင်းဆိုင်တွေအ ကုန်လုံး ၁၂ နာရီအထိ ပိတ်ထား ပါမယ်။ ရန်ကုန်တင်မဟုတ်ဘဲ နေပြည်တော်နဲ့ မန္တလေးပါ ပါပါ တယ်’’ ဟု City Mart Holding ကုမ္ပဏီ လီမိတက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရွှေတောင်ကုမ္ပဏီအုပ်စုမှ စီမံခန့်ခွဲနေသည့် ဂျန်းရှင်းစကွဲနှင့် ဂျန်းရှင်း အရောင်းစင်တာများကမူ ၀န်ထမ်းများမဲပေးနိုင်ရန် တစ်နေ့လုံးပိတ်ပေးမည်ဟု ယင်း ကုမ္ပဏီက  သတင်းထုတ်ပြန်သည်။
ယုဇနပလာဇာမှဈေးသူဈေး သားများ ပြည်လုံးကျွတ်ဆန္ဒမဲပေး နိုင်ရန် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၈ ရက်ကို ဈေးပိတ်ရက် အဖြစ် သတ်မှတ်ကြောင်း ကြေ ညာထားသည်။
ရန်ကုန်မြို့၏ လက်လီလက်ကားဈေးကြီးဖြစ်သည့် မင်္ဂလာဈေးသည် ရွေးကောက်ပွဲနေ့တွင် ပိတ်မည် မဟုတ်ကြောင်း ယင်းဈေးများရှိဈေးတာဝန်ခံရုံးများမှ သိရသည်။
‘‘ရွေးကောက်ပွဲနေ့ကျရင် သီးသန့်မပိတ်ပါဘူး။ ဈေးက ၀န် ထမ်းတွေ မဲပေးဖို့ကျတော့ သူ့ ဆိုင်နဲ့သူ စီစဉ်ပါလိမ့်မယ်’’ဟု မင်္ဂလာဈေး တာဝန်ခံရုံးမှ ၀န်ထမ်း တစ်ဦးက ပြောသည်။
အရောင်းစင်တာနှင့် ကုန် တိုက်များ နေ့တစ်ဝက်ပိတ်မည် ဖြစ်သော်လည်း ဆိုင်ပိတ်ချိန်ကို ပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ည ၉ နာရီအထိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းရှိ ဈေးဝယ်စင် တာများ နေ့တစ်ဝက် ပိတ်မည့် နည်းတူ ပြည်တွင်းရှိ ကုမ္ပဏီကြီး အချို့ကလည်း ရွေးကောက်ပွဲ တွင် နိုင်ငံသားတစ်ဦး၏ အခွင့်အ ရေးနှင့်အညီ သက်ဆိုင်ရာ မဲဆန္ဒ နယ်များသို့ သွားရောက်မဲပေးနိုင် ရန်  ၎င်းတို့၏ ၀န်ထမ်းများအား တိုက်တွန်းထားပြီး မဲပေးရန် ပြန် မည့်ရက်များကို On Duty သတ်မှတ်ပြီး ခွင့်ပေးမည်ဟု ကြေညာထားကြောင်း သိရသည်။
 
 
Credit To >>> 7Day News

0 comments:

Post a Comment