7.11.15

NCA စာချုပ်လက်မှတ်ရေးထိုးလိုက်ခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းစဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီဆို


အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA )တွင် လက် မှတ်ရေးထိုးလိုက်ခြင်းမှာ ငြိမ်းချမ်း ရေးဆွေးနွေးရန် လမ်းစဖွင့်ပေးလိုက် ခြင်းဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်စော မြရာဇာလင်းက ပြောသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) က နိုဝင်ဘာ ၄ ရက် တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ပြု လုပ်ခဲ့သော လူထုရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''အဓိကတော့ NCA စာချုပ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေသိစေ ချင်လို့ဖြစ်ပါတယ်။ ဒီလိုလက်မှတ်ထိုး လိုက်တာဟာ ငြိမ်းချမ်းရေးဆွေးနွေး ဖို့ လမ်းစဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ တစ်ဖွဲ့မှ လက်မှတ်မထိုးဘဲနေလိုက် ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ လည်း လမ်းစပိတ်သွားမှာဖြစ်ပါတယ်'' ဟု ဒေါ်စောမြရာဇာလင်းက ထပ်မံ ပြောသည်။
လူထုရှင်းလင်းပွဲတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP/ALA) အနေဖြင့် အပစ်အခတ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း ရခိုင်ပြည်သူ များ၏ ဘုံရည်မှန်းချက် နှင့် မဟာဗျူဟာကို လက်လွှတ်လိုက် ခြင်းမဟုတ်ဘဲ လိုအပ်ပါက ရခိုင်ပြည် သူလူထုနှင့်လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်ရန် အဆင်သင့်ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင် ခိုင်အောင်ဇံဖြူက ဆိုသည်။
''အပစ်ရပ်စာချုပ်မှာ ပါဝင်တဲ့ သေနတ်သံတိတ်ဆိတ်ရေးကာလ မကုန်ဆုံးမီငါးလအတွင်း NCA မှာ မပါဝင်သေးတဲ့ တခြားလက်နက် ကိုင်တပ်ဖွဲ့တွေကို အပြတ်ချေမှုန်း တိုက်ခိုက်မှာကို စိုးရိမ်မိပါတယ်'' ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
လူထုရှင်းလင်းပွဲသို့ စစ်တွေ မြို့ခံ ၁၀၀၀ ကျော်ခန့်တက်ရောက် ခဲ့ပြီး မရှင်းလင်းသည်များကို မေး မြန်းခဲ့ကြကြောင်း သိရသည်။

Credit To >>> Democracy News 

0 comments:

Post a Comment