7.4.16

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးလေတပ်ပိုင် လေယာဉ်တစ်စင်း ပျောက်ဆုံး


ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးလေတပ်ပိုင် လေယာဉ် တစ်စင်းသည် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုရှိ အခြေစိုက်စခန်းတစ်ခုမှ စတင်ထွက်ခွာပြီး မကြာမီတွင် ပျောက်ဆုံးသွားခဲ့ကြောင်း ဒေသန္တရသတင်းများ အရသိရသည်။ 
အဆိုပါ ယူ-၁၂၅ လေယာဉ်သည် ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ကိုယ်ပိုင်ကာကွယ်ရေးလေတပ်၏ ကင်နိုရာအခြေစိုက်စခန်းမှ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင်လေဆိပ်များအား ဝေဟင်မှ စစ်ဆေးကြည့်ရှုရန် လူခြောက်ဦးခန့် အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းခဲ့သည်။ အခြေစိုက်စခန်း တာဝန်ရှိသူများ၏ အဆိုအရ လေယာဉ်သည် မွန်းလွဲ ၂ နာရီခွဲတွင် ရေဒါ စနစ်မှပျောက်ကွယ်သွားပြီး မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မတော်က ပျောက်ဆုံးလေယာဉ်အားရှာဖွေရန် ရဟတ်ယာဉ်များကို စေလွှတ်ထားပြီးဖြစ်သည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment