7.4.16

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ည ၆ နာရီခွဲတွင် ဗထူးတပ်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းဆင်းအရာရှိများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း မြ၀တီတေးဂီတအဖွဲ့က တေးသီချင်းများ တီးမှုတ်ဖျော်ဖြေကြသည်။
ညစာသုံးဆောင်အပြီးတွင် ကပွဲခန်းမ၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ မြ၀တီတေးဂီတနှင့် အငြိမ့်အဖွဲ့တို့နှင့်အတူ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ယိမ်းအဖွဲ့များတို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment