7.4.16

ပြည်တွင်း၊ ပြည်ပဘုရားဖူးများကြောင့် ဗူးဘုရားအနီး စက်လှေလုပ်ငန်းရှင်များ အဆင်ပြေ

ပုဂံ-ညောင်ဦးမြို့သို့ ရာသီဥတုပူပြင်းသော်လည်း ပြည်တွင်း၊ ပြည်ပဧည့်သည်များ ယခုရက်ပိုင်းအတွင်း လာရောက်သူ များပြားနေကြောင်း၊ ထို့အပြင် ဘုရားဖူးဧည့်သည်များသည် ဘုရားများကိုဖူးမြော်ရာတွင် အထင်ကရ တန်ခိုးကြီးဘုရားများတွင် စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် တန့်ကြည်တောင် စွယ်တော်မြတ်စေတီတော် ကြီးသို့ အဓိဋ္ဌာန်ဖြင့် ဖူးမြော်ရန် နေ့စဉ် သွားရောက်ဖူးမြော်ကြလေ့ရှိ ကြောင်း သိရသည်။

ယင်းသို့ တန့်ကြည်တောင် စွယ်တော်မြတ်စေတီသို့ ဘုရားဖူးသွားရောက်ရာ၌ ဘုရားဖူးဧည့်သည်များ အနေဖြင့် ပုဂံ-ညောင်ဦးမြို့ရှိ ဗူးဘုရားစက်လှေဆိပ်မှ စက်လှေများကို စင်းလုံးပြတ်ငှားရမ်း၍ သွားရောက်ရ သဖြင့် ဗူးဘုရားအနီး စက်လှေလုပ်ငန်းရှင်များ နေ့စဉ်ဝင်ငွေရရှိနေကြကြောင်း သိရသည်။
''ကျွန်တော်တို့ ပုဂံ- ညောင်ဦးမြို့ ဟာ ရှေးဟောင်းအမွေအနှစ်တွေ ပေါကြွယ်ဝသည့် ဒေသဖြစ်လို့ ယခုရက်ပိုင်းမှာ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ အများအပြားလာ ရောက်ဖူးမြော်နေကြတာ တွေ့မြင် နေရပါတယ်။ ပုဂံ-ညောင်ဦးမြို့ကို ဘုရားဖူးလာရောက်ကြတဲ့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် အများစုဟာလည်း အထင်ကရ တန်ခိုးကြီး ဘုရားများဖြစ်တဲ့ စွယ်တော်လေးဆူ ကို အဓိဋ္ဌာန်ဖြင့် အလေးထားဖူးမြော် ကြပါတယ်။
ဘုရားဖူးဧည့်သည်တွေ စွယ်တော်လေးဆူဖူးမြော်ရာမှာ စွယ်တော်သုံးဆူဖြစ်တဲ့ ရွှေစည်းခုံ၊ လော ကနန္ဒာနဲ့ တုရင်တောင်စွယ်တော်မြတ်စေတီတွေကို ကားဖြင့် လှည့်လည်ဖူးမြော်လို့ရပေမယ့် စွယ်တော် တစ်ဆူဖြစ်တဲ့ တန့်ကြည်တောင် စွယ် တော်မြတ်စေတီကိုတော့ ဧရာဝတီ မြစ်ရဲ့ တစ်ဖက်ကမ်းမှာဖြစ်နေတဲ့ အတွက်ကြောင့် စက်လှေငှားရမ်းပြီးမှ သွားလို့ရတာပါ။ စက်လှေငှားရမ်းပြီးသွားမယ်ဆိုရင်လည်း ဗူးဘုရားအနီး က စက်လှေ သမားတွေကို ငှားရမ်းပြီး
သွားနိုင်တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဗူးဘုရားအနီးရှိ စက်လှေလုပ်ငန်းရှင်တွေ ယခုရက်ပိုင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်တွေ အများအပြားဝင်ရောက် ဖူးမြော်နေခြင်းကြောင့် နေ့စဉ် စက်လှေငှားရမ်းပို့ဆောင်ခ ရနေလို့ အဆင်ပြေနေကြပါတယ်။ စက်လှေ ငှားရမ်းပို့ဆောင်ခကတော့ စင်းလုံးပြတ် ကျပ် ၁၅ဝဝဝ မှ ၂၅ဝဝဝ
ခန့်အထိ ပေးဆောင်ငှားရမ်း ရပါတယ်။ ဒီရက်ပိုင်းမှာ အယ်နီညိုကြောင့် အပူရှိန် အရမ်းများနေပေမယ့်လည်း ကျွန်တော်တို့ ပုဂံ-ညောင်ဦးမြို့ကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ အများအပြား လာရောက်ဖူးမြော်နေတာကြောင့် ဗူး ဘုရားအနီးရှိ စက်လှေငှားရမ်း ပို့ဆောင်ပေးတဲ့ စက်လှေလုပ်ငန်းရှင် တွေအတွက် နေ့စဉ်ဝင်ငွေရရှိနေလို့ အဆင်ပြေနေကြပါတယ်'' ဟု ဗူး ဘုရားအနီး စက်လှေဆိပ်မှ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
Credit To >>> The Mirror Daily 

0 comments:

Post a Comment