7.4.16

ပဲခူးတွင် မူးယစ်ဆေးဝါးများနှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိ


ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် မဇင်း(၁) လမ်းဆုံ၌ စခန်းမှူး ရဲအုပ် စိန်လွင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဝင်းနှင့်အဖွဲ့သည် ဧပြီ ၅ ရက် နံနက် ၁၁ နာရီခွဲက သတင်းအရသွားရောက်ရှာဖွေရာ MIKKO ဆိုင်ကယ် အနက်ရောင်တစ်စီးနှင့် မသင်္ကာဖွယ်ရာ လူတစ်ဦးအား တွေ့ရှိ၍စစ်ဆေးရာ ဝေါမြို့နယ် ညောင်ကိုင်းကျေးရွာနေ ကြည်စိန်(ခ) အညာသား (၄၂) နှစ်ဖြစ်ပြီး ၎င်းလွယ်ထားသော Chengfeng စာတမ်းပါ ပြောက်ကျားအိတ်အား သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ခုနစ်ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် သတ္တုခဲပတ်တစ်ခု ၊ လေးလက်မခန့်အရှည်ရှိသော သတ္တုပိုက်တံတစ်ခု၊ လေးလက်မခန့်ရှိသည့် အပေါက်ပါ ဝါးချောင်း တစ်ခု၊ Huawei အမျိုးအစား (Y 300) ဖုန်းတစ်လုံး၊Win Phone WO 65 စာတန်းပါ ဖုန်းတစ်လုံး၊ Phone battery (wp)တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ရဲအုပ်စိန်လွင် ဦးဆောင်သောအဖွဲ့သည် မွန်းလွဲ ၁ နာရီခွဲက သက်သေများနှင့်အတူ ကြည်စိန် (ခ )အညာသား နေထိုင်ရာ ဆောက်လုပ်ဆဲ ဘုရင့်နောင် (၁) လမ်း မဇင်းရပ်ကွက်နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ YAESU အမျိုးအစား လက်ကိုင်စကားပြောစက်တစ်လုံး၊ လုံးပတ် ခြောက်လက်မ၊ အမြင့် လေးလက်မခန့်ရှိ လက်ပစ်ဗုံးတစ်လုံး၊ KNU / KNLA/ PC စာတန်းပါ ပြောက်ကျားအင်္ကျီလက်ရှည်တစ်ထည်တို့အား သက်သေများ ရှေ့တွင် ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည်

အဆိုပါ ကြည်စိန်( ခ ) အညာသားအား ပဲခူးအမှတ် (၂) ရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit To >>>The Mirror Daily 

0 comments:

Post a Comment