4.4.16

တောင်ပစိဖိတ်သမုဒ္ဒရာရှိ ဗန်နူအာတူတွင် ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက်ထုတ်ပြန်

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဗန်နူအာတူတွင် ပြင်းအား ၇ အဆင့်ရှိ ငလျင်တစ်ခု ယနေ့လှုပ်ခတ်သွားခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရသည်။

ဗန်နူအာတူ၏ ကျွန်းများအနက်အကြီးဆုံးကျွန်းဖြစ်သည့် ဆန်တိုကျွန်းမှ အနောက်မြောက်ဘက် ၉၄ မိုင်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ပြီး မြေအောက် ၃၅ ကီလိုမီတာအနက်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
ငလျင်လှုပ်ခတ်သည့် အနက် တိမ်လေ၊ ထိခိုက်ပျက်စီးနိုင်ချေလည်း မြင့်လေ ဖြစ်သည်။
လက်တလောတွင် ထိခိုက်ပျက်စီးမှုနှင့်ပတ်သတ်ပြီး သတင်းပေးပို့ချက်မရှိသေးချေ။
Credit To >>> Mizzima Burmese

0 comments:

Post a Comment