4.4.16

တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေခြင်းကို ပယ်ဖျက်သင့်ဟု EU တိုက်တွန်း

လွှတ်တော်ထဲတွင် တပ် မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို နေရာပေးထားခြင်း သည် အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုမရှိ၍ ယင်းအချက် ပယ်ဖျက်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ (EU EOM) က အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ကာ အကြံပြုတိုက်တွန်းသည်။

ဥရောပသမဂ္ဂရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးမစ်ရှင် က အပြီးသတ်အစီရင်ခံစာထုတ် ပြန်ခြင်းနှင့်ပတ်သက်၍ မတ်လ ၃၁ ရက်က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါအစီရင်ခံစာတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ များကို ၂၀၁၅ ရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်အောင် ကျင်းပနိုင် ရန် အာဏာပိုင်များကို အကြံပြု ချက်ပေါင်း ၅၀ ခန့် ပေးပို့ထား ကြောင်း ယင်းမစ်ရှင်ကိုဦးဆောင် ခဲ့သည့် ဥရောပလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ မစ္စတာ Alexander Graf Lambsdorff က ပြောသည်။
‘‘မြန်မာနိုင်ငံက ဒီမိုကရေစီ လမ်းစဉ်ကို သွားနေတဲ့နိုင်ငံဖြစ် တဲ့အတွက် ရွေးကောက်ပွဲနဲ့ပတ် သက်ပြီး အပြည်ပြည်ဆိုင်ရာမှာ ကျင့်သုံးနေတဲ့ ကျင့်ထုံးတွေနဲ့အ ညီ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ ရွေးချယ်လိုက်တဲ့ ရလဒ်အတိုင်းပဲ ရာခိုင်နှုန်းအပြည့် လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ် တော်ထဲမှာ ပါဝင်ဖို့လိုပါတယ်။ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါ ၀င်နေတာကိုလည်း တဖြည်းဖြည်း ပပျောက်လျော့နည်းသွားအောင် လုပ်ဆောင်ဖို့ အကြံပြုထားပါ တယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ရွေးကောက်ပွဲဝင်ခွင့်ပေးရာတွင်လည်း အကျိုးအကြောင်း ဆီလျော်ရန်လိုအပ်ပြီး လူမျိုးစု အားလုံးပါဝင်ရန် လိုကြောင်း၊ ဥပမာအားဖြင့် လွှတ်တော်ကိုယ် စားလှယ်အဖြစ် ၀င်ရောက်ရွေး ချယ်ခံနိုင်ရန် နိုင်နငံအတွင်း ၁၀ နှစ်ဆက်တိုက်နေထိုင်ရမည်ဟူ သော ကန့်သတ်ချက်မှာ လွန်စွာ တင်းကျပ်ကြောင်း မစ္စတာ Alexander Graf Lambsdorff က ပြောသည်။
ဆက်လက်၍ ကိုယ်စား လှယ်လောင်း၏ မိဘနှစ်ပါးစလုံး သည် သူ၊ သူမကို မွေးဖွားချိန်တွင် မြန်မာနိုင်ငံသားဖြစ်ရမည်ဟူ သော လိုအပ်ချက်သည် ကျိုး ကြောင်းဆီလျော်မှုမရှိသော လို အပ်ချက်ဖြစ်၍ ဖြုတ်သင့်ကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် တိုင်းပြည်တွင် ၁၀နှစ်ကြာဆက်တိုက်နေထိုင်ရေး၊ သမ္မတလောင်းအတွက် တိုင်းပြည်တွင် နှစ် ၂၀ ကျော်ကြာ ဆက်တိုက်နေထိုင်ရေးဟူသော လိုအပ်ချက်သည် ကျိုးကြောင်းသင့်လျော်မှု မရှိခြင်းကြောင့် ပို၍ကျိုးကြောင်း သင့်လျော်အောင် လျှော့ချပြီး သတ်မှတ်ချက်ပြည့်မီရေးဆိုင်ရာ စံနှုန်း များ ထည့်သွင်းသင့်ကြောင်း EU EOM အဖွဲ့က အကြံပြုထားသည်။
ထို့ပြင် သမ္မတလောင်းအ ဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူတွင် ၎င်း၏ သား၊ သမီးနှင့် (သို့မဟုတ်) ဇနီး၊ ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်ရဟူသော ကန့်သတ်သည့် ကျိုးကြောင်းသင့်လျော်မှုမရှိခြင်း ကြောင့် ဖြုတ်ပစ်သင့်ကြောင်း EU EOM အဖွဲ့၏ အပြီးသတ်အစီ ရင်ခံစာတွင် ပြောကြားထား သည်။
ဥရောပသမဂ္ဂ ရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေးမစ်ရှင် သည် မြန်မာနိုင်ငံတွင် ၂၀၁၅ စက်တင်ဘာမှ ၂၀၁၆ဖေဖော်ဝါရီ အထိ အထွေထွေရွေးကောက်ပွဲ ကို စောင့်ကြည့်လေ့လာခဲ့ကြောင်း သိရသည်။
Credit To >>> 7 Day Daily 

0 comments:

Post a Comment