4.4.16

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးဌာန ၆ ခု နှင့် ၀န်ကြီး ၆ ဦးသတ်မှတ်ထားရှိမည်ဟု ၀န်ကြီးချုပ်၏အဆိုပြု ချက်ကို လွှတ်တော်သို့တင်သွင်း သဘောထားရယူ ကန့်ကွက်သူမရှိ လွှတ်တော် က အတည်ပြု

ယနေ့ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးဌာန ၆ ခု နှင့် ၀န်ကြီး ၆ ဦးသတ်မှတ်ထားရှိမည်ဟု ၀န်ကြီးချုပ် ၏ အဆိုပြု ချက်ကို လွှတ်တော်သို့တင်သွင်း သဘောထားရယူရာတွင် ကန့်ကွက်သူ မရှိသောကြောင့် လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် လွှတ်တော်ကို ခေတ္တရပ်နားကာ ၁၀ နာရီ ၅၅ မိနစ်တွင်ပြန်လည်စတင်မည်ဟုပြောသည်။

ဝန်ကြီးချုပ်မှအဆိုတင်သွင်းခဲ့သည့် ၀န်ကြီးဌာန ၆ ခုမှာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေး ၀န်ကြီးဌာန၊စိုက် ပျိုးရေးနှင့်မွေး မြူရေး ၀န်ကြီးဌာန၊သစ်တောနှင့်စွမ်းအင် ၀န်ကြီးဌာန ၊လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊စည်ပင်သာယာဝန်ကြီးဌာနနှင့်လူမှုရေးဝန်ကြီးဌာန တို့ဖြစ်သည်
ခန့်အပ်မည့်ဝန်ကြီးများစာရင်းကို လွှတ်တော်ဆက်လက်ကျင်းပချိန်တွင် အတည်ပြုရွေးချယ်မည်ဖြစ်သည် ။
Credit To >>> Democracy Today

0 comments:

Post a Comment