4.4.16

မင်္ဂလာဈေး ယာယီဆိုင်ခန်းများ အမြန်ဆောက်လုပ်ပေးရန် ၀န်ကြီးချုပ်သစ်ထံ တောင်းဆို

မန္တလေး မင်္ဂလာဈေး ယာယီဆိုင်ခန်းများ အမြန်ဆုံး ဆောက်လုပ်ပြီး သင်္ကြန်မတိုင်မီ နေရာချထားပေးရန် တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ထံသို့ ဈေးသူ၊ ဈေးသား များက ဧပြီ ၁ ရက်တွင် တောင်း ဆိုစာပေးပို့ခဲ့သည်။

မတ်လ ၂၂ ရက်က မီး လောင်ကျွမ်းခဲ့သော မင်္ဂလာဈေး ကြီး၏ ယာယီဈေးပြန်လည် ဆောက်နိုင်ခြင်းမရှိသည့်အတွက် မင်္ဂလာဈေးကြီးအရှေ့ဘက် ၇၂ လမ်း၊ ၃၀×၃၁ လမ်းကြားနှင့် ၃၁ လမ်း၊ ၇၀×၇၁ လမ်းများရှိ လမ်း မများပေါ်တွင် ပျံကျဆိုင် ၂၅၀ ခန့်ကို မဲစနစ်ဖြင့် နေရာများချထားခဲ့ သည်။
သို့သော် ပူပြင်းသောရာသီ ဥတုတွင် လမ်းမများပေါ် ထီးများ ဖြင့်သာ ရောင်းချနေရခြင်း၊ နံနက်၆ နာရီမှ နေ့လယ် ၁၁ နာရီအထိ ရောင်းချချိန် သတ်မှတ်ထားခြင်း တို့ကြောင့် အခက်အခဲများဖြစ် ပေါ်နေသဖြင့် အမြန်ဆုံးယာယီ ဈေးတည်ဆောက်ပေးရန် ဈေးသူ၊ ဈေးသားများက တောင်းဆိုနေခြင်း ဖြစ်သည်။
‘‘သူတို့က နံနက်ခင်းပိုင်းပဲ ရောင်းချခွင့်ပေးထားတာ။ ပြီး တော့ ဒီလောက်ပူတဲ့ အပူရှိန်ကြီးထဲမှာ ထီးလေးတွေနဲ့ ရောင်းနေရတာလေ။ ဈေးမထွက်ရင်လည်း ငတ်မှာမို့သာ ဈေးထွက်နေ ရတာ။ ကြာရင် လူလည်း သေရုံ ကျန်တော့တာ’’ဟု ကုန်စိမ်းရောင်းချနေသူတစ်ဦးက လမ်းမများပေါ် တွင် ဈေးတည်ခင်းရောင်းချနေရ မှုများနှင့် ပတ်သက်၍ ပြောသည်။
ထို့ကြောင့် ယာယီဈေးအ မြန်ဆုံးတည်ဆောက်ပေးရန်နှင့် ယာယီဈေးတည်ဆောက်ရာတွင် လည်း ကုန်ကျစရိတ်ကို မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ရန်ပုံငွေမှ စိုက်ထုတ်၍ ဈေးသူ၊ ဈေးသားများကို အခမဲ့နေချထားပေးရန် ဈေးသူ၊ ဈေးသားများက ၀န်ကြီးချုပ်သစ်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ ဇနီး ဒေါက်တာ ဒေါ်ယုယုမေ သည် ဧပြီ ၁ ရက်က မီးလောင် ကျွမ်းဆုံးရှုံးခဲ့သည့် မင်္ဂလာဈေးမှ ဈေးသူ၊ ဈေးသားများကို သွား ရောက်တွေ့ဆုံအားပေးခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment