31.5.16

ကျူးကျော်တဲများ ထပ်မဆောက်ရန် ညွှန်ကြားသော်လည်း လှိုင်သာယာတွင် ကျူးကျော်အိမ်များ ဆောက်လုပ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ကျူးကျော်တဲအသစ်များ ထပ်မံတိုးချဲ့ ဆောက်လုပ်ခွင့် မပြုတော့ကြောင်း သတင်းထုတ်ပြန်ပြီးနောက်တွင် လှိုင်သာယာမြို့နယ်၌ ကျူးကျော်တဲအသစ်များ ထပ်မံတိုးချဲ့တည်ဆောက်လျက်ရှိရာ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ကျူးကျော်တဲအသစ်များ မေ ၂၈ ရက်က ဆောက်လုပ်နေကြသည်ကို တွေ့ရပြီး တားမြစ် အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် ကျူးကျော်တဲများ ထပ်မံ တိုးချဲ့မှုများလာပါက ဒုစရိုက်မှုနှင့်လူမှုရေး ပြဿနာများတိုး၍ ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီး နံဘေးဖြစ်သော ဗိုလ်အောင်ကျော် လမ်းမကြီး အောက်ထိပ်အနီး ဓာတ်ဆီဆိုင် ကားလမ်းတစ်ဖက်ရှိ လမ်းဘေးတွင် ထိုလမ်းမအနီး၌ တိုးချဲ့ကွက်သစ်မှ အိမ်ထောင်စုအချို့မှာ မေ ၂၈ ရက်က ကျူးကျော်တဲများ ထပ်မံဆောက်လုပ်၍ ငှားရမ်းနေသည့်အပြင် ဗိုလ်အောင်ကျော်အိမ်ရာတံတားရှေ့ရှိ ဝါးဆိုင်အနောက် ဘက် ရေမြောင်း နံဘေးတွင်လည်း ကျူးကျော်တဲများဆောက်၍ငှားရမ်းခြင်း၊ တစ်ဆင့်ရောင်း ချခြင်း ပြုလုပ်လျက်ရှိကာ ရန်ကုန်-ပုသိမ် ကားလမ်းမကြီး၏ အဆင့်မြင့် မှတ်တိုင်အနီးတွင်လည်း မေ ၂၇ ရက်က ကျူးကျော်တဲသစ်များ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
ယခုနှစ်ဆန်းပိုင်းတွင် လှိုင်သာယာ၌ ကျူးကျော်တဲများ ရပ်ကွက်၊ ကျေးရွာနှင့် စက်မှုဇုန်တို့တွင် သိသာစွာတိုးလာလျက်ရှိ၍ ဒေသအာဏာပိုင်မှ တိုင်ကြားမှုရှိသော ကျူးကျော်တဲများကိုသာ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး တစ်တဲကျူးလျှင် တစ်တဲရှင်းလင်းမှု မလုပ်ဆောင် နိုင်ခဲ့သည့်အတွက် ၁၅ နှစ်အတွင်း ရန်ကုန်ုမြို့သာမက မြန်မာပြည်တွင် လှိုင်သာယာ မြို့နယ်သည် ကျူးကျော်တဲဆောက်လုပ်နေထိုင်မှု အများဆုံးနှင့် ဒုစရိုက်မှုအများဆုံးဖြစ်ပွားရာ မြို့နယ်တစ်ခုအဖြစ် ရှိနေကြောင်း သိရပြီး ကျူးကျော်တဲများကို အိမ်ရာများချပေးမည်ဟူသော သတင်းကြောင့် ရပ်ကွက်အတွင်း နေထိုင်သူ အချို့ကလည်း အဆောင်တွင် မနေထိုင်တော့ဘဲ လမ်းဘေးနှင့် မင်းကြီးမဟာမင်းခေါင်လမ်းရှိ ရေမြောင်း အတွင်း၌ ကျူးကျော်တဲ အသစ်များ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Credit To >>> 
 MOI Webpotal Myanmar

0 comments:

Post a Comment