31.5.16

Online အပြည့်အ၀အသုံးပြုနိုင်တဲ့ ပို့ကုန်သွင်းကုန်လိုင်စင်စနစ်ကို ဇွန်လင်းအတွင်း စတင်အသုံးပြုနိုင်မယ်


Online အပြည့်အဝေအသုံးပြုနိုင်တဲ့ ပို့ကုန်သွင်းကုန်လိုင်စင်စနစ်ကို
လာမယ့် ဇွန်လအတွင်း ပို့ကုန်သွင်းကုန် ကုပစ္စည်းအမယ်တချို့နဲ့
စတင်အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။
ယမန်နေ့က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့
Online အပြည့်အဝအသုံးပြုနိုင်တဲ့ ပို့ကုန်သွင်းကုန် လိုင်စင်စနစ်
အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲမှာ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ရှိသူများက
ပြောကြားတာဖြစ်ပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ဈေးကွက်စီးပွားရေး စနစ်ကို
ဖော်ဆောင်နိုင်သော ကုန်သွယ်မှုမူဝါဒစနစ်ကို ချမှတ်ကျင့်သုံးလျှက်ရှိရာမှာ
ကုန်သွယ်မှု ဖြေလျော့ရေးကိုလည်း ဆောင်ရွက်လျှက်ရှိတယ်လို့ ဆိုပါတယ်။
Online အပြည့်အဝအသုံးပြုနိုင်တဲ့ ပို့ကုန်သွင်းကုန် လိုင်စင်စနစ်ကို
ဝန်ကြီးဌာနသို့ လူကိုယ်တိုင် လာရောက်ရန် မလိုအပ်တော့ဘဲ
ကုမ္ပဏီ ရုံးခန်းများမှ ဆောင်ရွက်နိုင်ပြီး အဆိုပါ စနစ်မှာ ငွေပေးချေမှုစနစ်၊
ငွေကြေးလုံခြုံမှုစနစ်၊ လိုင်စင် အချက်အလက်စစ်ဆေးခြင်းနဲ့
ထောက်ခံချက် ပေးပို့ခြင်း စနစ်များပါဝင်ပါတယ်။
Online အပြည့်အဝအသုံးပြုနိုင်တဲ့ ပို့ကုန်သွင်းကုန် လိုင်စင်စနစ်ကို
၂၀၁၆ခုနှစ်၊ ဇွန်လအတွင်း ထောက်ခံချက်မလိုတဲ့ ပို့ကုန်သွင်းကုန်
ကုန်ပစ္စည်းအမယ်တချို့နဲ့ စတင်မှာ ဖြစ်ပြီး CMP အထည်ချုပ်
လိုင်စင်လျှောက်ထားခြင်းများကိုလည်း စက်ရုံများမှနေကာ online
ရှိရုံနဲ့ လျှောက်ထားနိုင်မယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ
တာဝန်ရှိသူတွေက ပြောပါတယ်။
အွန်လိုင်းအပြည့်အဝ အသုံးပြု ပို့ကုန်သွင်းကုန် လိုင်စင်စနစ်
လျှောက်ထားခြင်းကို ဇွန် ၇ ရက်မှ စတင်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပြီး
လျှောက်ထားမည့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် အချက်
အလက်ပြည့်စုံပါက အချိန်တိုအတွင်း လိုင်စင်လျှောက်ထားမှု
ပြီးစီးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
စီးပွားရေး လုပ်ငန်းရှင်များ လေ့လာနိုင်စေဖို့အတွက်
ကုန်သွယ်မှုဘဏ်တိုက် Myanmar National Trade Portal website
ကိုလည်း မေလ ၂၆ရက်မှ စတင် လွင့်တင်ထားပြီ ဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment