17.5.16

အစိုးရအပြောင်းအလဲကာလ လက်လီလုပ်ငန်းတိုးတက်ရေးမှာ စိန်ခေါ်ချက်တွေက အခွင့်အလမ်းတွေထက် ပိုများလာနေ


အစိုးရအပြောင်းအလဲကာလ လက်လီလုပ်ငန်းတိုးတက်ရေးမှာ စိန်ခေ
ါ်ချက်တွေက အခွင့်အလမ်းတွေထက် ပိုများလာနေတယ် လို့ မြန်မာနိုင်ငံ
လက်လီလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှုးဦးသူရိန်ငြိမ်း
က ပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြင်ဆင်မှုအားနည်းချက်တွေကြောင့် ရရှိလာမယ့်အခွင့်အလမ်းတွေက
စိန်ခေါ်ချက်အဖြစ်ပြောင်းလဲနေတယ်လို့ လက်လီဝန်ဆောင်မှုလုပ်ငန်း
ဆိုင်ရာ ကျွမ်းကျင်အဆင့်မြင့်တင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားမှာ
ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဦးသူရိန်ငြိမ်းက “ အစိုးရအကူးအပြောင်းကာလမှာ အခွင့်အလမ်းလည်း
ရှိတယ်၊ စိန်ခေါ်ချက်လည်းရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ဆီ မှာက
ပြင်ဆင်ချက်တွေက အားနည်းတော့ အခွင့်အလမ်းလို့ခေါ်လို့ရတဲ့ဟာ
တွေက စိန်ခေါ်ချက်တွေအဖြစ်ပြောင်းကုန်တာတွေရှိ နေတယ်”လို့ပြော
ပါတယ်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လက်လီလုပ်ငန်းကိုဝင်ရောက်လာပါက
ကြုံတွေ့နိုင်မယ့်အပြောင်းအလဲများ၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာ
အားနည်းချက်များရှိလာပါက ဖောက်သည်ရဲ့မကျေလည်မှုတွေကို
ထုတ်လုပ်သူထက် ရောင်းချတဲ့သူတွေကသာ ဖြေရှင်း ရမယ်ပုံစံမျိုးဖြစ်
နေတယ်လို့လည်း သူကထောက်ပြပြောဆိုပါတယ်။
ဒါ့အပြင်အခုနှစ်ပိုင်းတွေမှာ လက်လီလုပ်ငန်းတွေပိုမိုတိုးတက်လာတယ်လို့ဆိုသော်လည်း ဆိုင်ခမ်းဌားရမ်းခကြီးမြင့်မှုတွေကြောင့် ဆိုင်တွေရဲ့
တည်မြဲရေးမှာ အခက်အခဲအနည်းငယ်ရှိနေတယ်လို့လည်း လက်လီ
လုပ်ငန်ရှင်းများအသင်းတာဝန်ရှိသူကပြောပါ တယ်။
နိုင်ငံတကာလုပ်ငန်းတွေ လက်လီကဏ္ဍကိုဝင်ရောက်ချိန်မှာ လုပ်ငန်း
ကြီးပြည်တွင်းလုပ်ငန်းရှင်တွေ၊ဆိုင်တွေမှာအခက်အခဲနည်း နိုင်ပေမယ့်
တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်တွေရဲ့ ပြင်ဆင်နိုင်မှုမှာ အားနည်းနေဆဲလို့
လည်း အသင်းတာဝန်ရှိသူကပြောပါတယ်။ ဒီအခက်အခဲတွေကို အစိုးရ
သစ်ထံကို အခါအခွင့်သင့်တိုင်းတင်ပြမှုတွေရှိနေတယ်လို့လည်း
သိရပါတယ်။
လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်လီလုပ်ငန်းပေါင်း
၇၀၀ ၀န်းကျင်လောက်မှာရှိနေတယ်လို့ မြန်မာနိုင်ငံ လက်လီလုပ်ငန်း
ရှင်များအသင်းထံကသိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment