5.7.16

ပြည်ပသို့ သုံးလအတွင်း ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော် တင်ပို့ထား


မြန်မာနိုင်ငံမှာ ပြည်ပသို့ သုံးလအတွင်း ပဲမျိုးစုံတန်ချိန် နှစ်သိန်းကျော်တင်ပို့ထားနိုင်ပြီ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ဧပြီမှ ဇွန်လအထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန်တင်ပို့ထားသော ပမာဏဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂ သိန်းကျော် တင်ပို့ထားနိုင်ခဲ့ပါတ်ယ။ပဲမျိုးစုံအနက် မတ်ပဲနဲ့ ပဲစင်းငုံများကို ပြည်ပသို့ တင်ပို့မှုများပြားပြီးပဲတင်ပို့မှု ၇၀ ရာခိုင်နှုန်းကို အိန္ဒိယသို့ တင်ပို့လျက်ရှိပါတယ်။ပဲတီစိမ်းကို အာဆီယံဒေသတွင်းနိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။အိန္ဒိယနိုင်ငံရဲ့ ၀ယ်လိုအားကို အဓိကအားထားနေရပြီး ၀ယ်လိုအားအပေါ်မူတည်ကာ ဈေးနှုန်းပြောင်းလဲလျက်ရှိတယ်လို့ ပဲကုန်သည်များထံမှ သိရပါတယ်။ အိန္ဒိယက အ၀ယ်လိုက်နေတဲ့
အတွက် မတ်ပဲဈေးနှုန်းနဲ့ ပဲစင်းငုံဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီးမတ်ပဲတစ်တန်လျှင် ၁၈ သိန်းဝန်းကျင်၊ ပဲစင်းငုံတစ်တန်လျှင် ၁၄ သိန်းဝန်းကျင်ဈေးပေါက်လျက်ရှိနေပါတယ်။မြန်မာနိုင်ငံဟာ ကမ္ဘာပဲမျိုးစုံတင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ကနေဒါပြီးနောက် ဒုတိယပဲတင်ပို့မှုအများဆုံး နိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါတယ်။ ပြည်ပသို့ မတ်ပဲ၊ ပဲဆီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ တို့ကို တင်ပို့လျက်ရှိပါတယ်။မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်က ပဲမျိုးစုံ နိုင်ငံခြား တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃၅ သန်းရှိပြီး ဆန်တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၆၀ ထက် များပြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဆန်စပါး တစ်မျိုးတည်းစိုက်ပျိုးထုတ်လုပ်ဖို့ အားပေးတာမျိုး မဟုတ်ဘဲ အခြား သီးနှံမျိုးစုံ စိုက်ပျိုး
ဖြစ်ထွန်းနိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်လာအောင် အားပေး လုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်လို့ ကမ္ဘာဘဏ်က သုံးသပ်ထားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment