5.7.16

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့်ရက် မသတ်မှတ်နိုင်သေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များတွေ့ဆုံရန် နေ့ရက် ကို အတိအကျ မသတ်မှတ်နိုင်သေး ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၄  ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးဆပ် ကော်မတီ အစည်းအဝေး အပြီးတွင်‘‘ကျွန်တော်တို့ ဒီနေ့အထိတော့ ချိတ်ဆက် ပြီးတော့မှနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွဲ့နဲ့ UNFC ခေါင်း ဆောင်ပိုင်းတွေနဲ့က ခန့်မှန်းခြေအားဖြင့်တော့ ဒီလ ၁၈ ရက် လောက်မှာ တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ တွေ့ဖို့ ကတော့ ရန်ကုန်မှာပဲ ဖြစ်ဖို့များပါ တယ်’’ဟု ကော်မတီဝင် ဦးခက် ထိန်နန်ကပြောသည်။
UNFC အထွေထွေအတွင်း ရေးမှူးခူးဦးရယ်က ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ဒေါ် အောင်ဆန်းစုကြည်နှင့် ဇူလိုင်လ လယ်တွင် တွေ့ဆုံရန် အကြမ်း အားဖြင့် သဘောတူထားသော် လည်း အစိုးရဘက်မှတွေ့ဆုံမည့် နေ့ရက် ပြောင်းလဲလိုက်သဖြင့် ပြန်လည်ညှိနှိုင်းရမည်ဖြစ်ကြောင်း ပြောသည်။
‘‘၁၈ ရက်နေ့ တွေ့မယ်လို့ တော့ ကျွန်တော်တို့ဘက်က မ ပြောသေးပါဘူး။ ပြီးခဲ့တဲ့ ၁ ရက် နေ့ကတော့ ဆွေးနွေးပွဲမှာ ကျွန် တော်တို့အကြမ်းအားဖြင့်သဘော တူတာက ၁၆ ၊ ၁၇ ရက်မှာ ဖြစ် မလားဆိုပြီးမူအားဖြင့် သဘော တူ လက်ခံထားတာရှိပါတယ်။ ၁၈ ရက်နေ့တွေ့မယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖြစ်နိုင်ခြေရှိတဲ့ရက်ကို ကျွန်တော် တို့နားလည်ပါတယ်။ သူ့အနေနဲ့ ၁၆ ရက်၊ ၁၇ ရက်ထက် ၁၈ ရက်နေ့ ပိုအဆင်ပြေတဲ့သဘော လို့ ပြောတာလို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကပြန် ညှိနှိုင်းရဦးမှာပါ။ သဘောမတူ လိုက်သေးပါဘူ။ တွေ့မယ်၊ မ တွေ့ဘူးဆိုတာကို ဘာလို့လဲဆို တော့ ဒါက နောက်ပိုင်းမှာ သူတို့ အကြောင်းပြန်လာတဲ့ ကိစ္စမို့ပါ’’ ဟု ခူးဦးရယ်ကဆိုသည်။
ယင်းကိစ္စကို ဒေါက်တာတင်မျိုးဝင်းထံသို့ ဇူလိုင် ၄ ရက်က ဖုန်းဖြင့် အကြောင်းကြားထား ကြောင်း ၎င်းက ဆက်လက်ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင် များသည် ဇွန်လ ၂၈ ရက်ကပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment