5.7.16

MAPCO ၏ ရှယ်ယာအသစ် ရောင်းချမှု ရက်ထပ်တိုးပေးရန် ရှယ်ယာရှင်ဟောင်းများ တောင်းဆို


ရန်ကုန်စတော့ အိတ်ချိန်းသို့ ဝင်ရောက်မည့် စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်သော မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO )က ဒုတိယအကြိမ်အဖြစ် ရောင်းချလျက်ရှိသော အစုရှယ်ယာများကို ဝယ်ယူခွင့်အချိန် ထပ်တိုးပေးရန် ရှယ်ယာရှင် အဟောင်းများက တောင်းဆိုလျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။MAPCO ကုမ္ပဏီက ယခုရောင်းချလျက်ရှိသော ရှယ်ယာများကို ရှယ်ယာရှင် အဟောင်းများအား ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့ပြီး ရှယ်ယာရှင် ၅၀ ဦးခန့်က ဝယ်ယူခွင့်အချိန် ထပ်တိုးပေးရန် ကုမ္ပဏီကို တောင်းဆိုထားကြောင်း အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာဌာနမှ ဌာမှူး ဦးသူရက ပြောကြားသည်။

“ရန်ကုန်စတော့ အိတ်ချိန်းကို တင်ပြပြီး ရောင်းချတာ ဖြစ်တဲ့အတွက် အချိန်ထပ်တိုးဖို့အတွက်က မဆုံးဖြတ်ရသေးပါဘူး။ လက်ရှိ ရောင်းပြီးတဲ့ ရှယ်ယာ အရေအတွက်က စာရင်း မလုပ်သေးတဲ့အတွက် အတိအကျ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

ရှယ်ယာရှင်ဟောင်းများ အနေနှင့် အသစ် ထပ်မံ ရောင်းချလျက်ရှိသော ရှယ်ယာများကို ဇူလိုင် ၅ ရက်နေ့ နောက်ဆုံးထား၍ ဝယ်ယူရမည် ဖြစ်သော်လည်း အများပြည်သူသို့ မရောင်းချမီ ဝယ်ယူခွင့်အချိန်ကို ထပ်တိုး တောင်းဆိုခွင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment