2.1.17

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံသူ နှစ်ထောင်ကျော်သာရှိကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြော

 မြန်မာဘက်မှ ဘင်္ဂလား ဒေ့ရှ်သို့ သွားရောက်ခိုလှုံနေသူ နှစ်ထောင်ကျော် (၂,၄၁၅ ဦး)သာရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန  အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

ယခုနှစ် အောက်တိုဘာက တည်းက မြန်မာဘက်မှ ထွက်ပြေး လာသူ ငါးသောင်းကျော်ရှိ သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားကြောင်း RFA သတင်းဌာနက ဖော်ပြချိန်၌ မြန်မာဘက် က စာရင်းကို အမြဲတမ်းအတွင်း ဝန်က ပြောကြားခြင်းဖြစ်သည်။
‘‘စာရင်းက အရမ်းပြောနေ ကြတာပဲ။ သူတို့ဘက်က သုံး သောင်းလောက်  ရှိတယ်ပြော တယ်။ အဲဒီစာရင်းပေး။ ဒီမှာရှိတဲ့ အချက်အလက်နဲ့ စစ်ပေးမယ်ဆို ပြီး စစ်လိုက်တော့ ၂,၄၁၅ ယောက်ပဲရှိတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ နှစ်ထောင်ကျော်ကို ပြန်လည်လက်ခံပါကလည်း ချက် ချင်းလက်မခံဘဲ မြန်မာနိုင်ငံတွင် နေခဲ့ကြောင်း အထောက်အထား ခိုင်ခိုင်မာမာပြသနိုင်ခြင်း၊ ကိုယ် တိုင်ပြန်လာလိုသူဖြစ်ခြင်း၊ အ တင်းအကျပ်ပို့တာမဟုတ်ရခြင်း အစရှိသည့် မူလေးချက်ဖြင့် ကိုက်ညီမှသာ ပြန်လက်ခံမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
‘‘နှစ်နိုင်ငံ အပြန်အလှန်တွေ့ ဆုံဆွေးနွေးမှုတွေရှိတယ်။ ပြန် လက်ခံမယ်ဆိုတဲ့ အနေအထား မှာ မနှစ်က ရွေးကောက်ပွဲရှိလို့ မလုပ်နိုင်ဘူး။ ဒီနှစ်မှာလည်း အ ကြောင်းကြောင်းကြောင့် မလုပ်နိုင်ဘူး။ ရှေ့နှစ်မှာတော့ လုပ်နိုင် မယ့်အနေအထားရှိတယ်။ မြန်မာနိုင်ငံမှာနေခဲ့တဲ့ အထောက်အ ထားနဲ့ ပြန်စစ်လို့ရတာက ၂,၄၁၅ယောက်ပဲရှိတယ်။ အဲဒါကိုတောင် ချက်ချင်းပြန်လက်ခံမယ်ပြောတာ မဟုတ်ဘူး။ ပြန်လက်ခံဖို့ အဖွဲ့တွေဖွဲ့ရမယ်’’ဟု အမြဲတမ်းအ တွင်းဝန်က ပြောသည်။
မြန်မာဘက်မှ ဘင်္ဂလား ဒေ့ရှ်သို့ သွားရောက်ခိုလှုံသူများ ကို ၁၉၉၂ ကတည်းက လက်ခံပြီး ၂၀၀၅ တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ထပ်မလာတော့၍၊ ပိတ်လိုက်၍ လက်မခံတော့ခြင်း ဖြစ်သည်။ ယင်းစာရင်းအရ ၂,၄၁၅ ဦးသာရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးကျော်ဇေယျက ပြောကြား သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment