2.1.17

လွှတ်တော်တွင်မေးမြန်းသည့် မေးခွန်းနှင့်အဆိုများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရန်နှင့် အချုပ်အခြာအာဏာကို ထိပါးသည့်ကိစ္စများမဖြစ်ရဟု ဦးဝင်းမြင့်ပြော

လွှတ်တော်တွင်မေးမြန်း သည့် မေးခွန်းများနှင့် အဆိုများ သည် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု မပြိုကွဲရန်နှင့် အချုပ်အ ခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိပါးနိုင်သည့်ကိစ္စများဖြစ်၍ မရ ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီဇင်ဘာ ၂၉ ရက်က ကယားပြည် နယ်အစိုးရအဖွဲ့အစည်းအဝေး ခန်းမတွင် တွေ့ဆုံရာ၌ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြောကြား ၌ ယင်းသို့ထည့်သွင်းပြောကြား ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ် တော် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
လွှတ်တော်တွင် မေးမြန်း သည့် မေးခွန်း၊ တင်သွင်းသည့် အဆိုများသည် ပြည်ထောင်စုမပြိုကွဲ ရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အ ခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိပါးနိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံ တော်လျှို့ဝှက်ကိစ္စရပ်များဖြစ်၍ မရပါကြောင်း၊ လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် လွှတ် တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များကို ကျေညက်အောင်လေ့လာ ကြရန် လိုအပ်ကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်း မြင့်က မှာကြားသည်။
ထို့အပြင် ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင် ကြီးသုံးရပ်သည်တစ်ခုနှင့် တစ်ခု လွှမ်းမိုးခြင်း၊ ၀င်ရောက်စွက်ဖက် ခြင်းမျိုး ပြုလုပ်၍မရကြောင်းနှင့် အပြန်အလှန်သာ အချင်းချင်း ထိန်းကျောင်းနိုင်ပါကြောင်း ကယား ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းရာတွင် ဒီမိုကရေစီအခွင့်အ ရေးများရရှိမှ တရားဥပဒေစိုးမိုးမှု ရရှိမည်ဖြစ်ကာ နိုင်ငံသူ၊ နိုင်ငံသား များ၏ ဘ၀လုံခြုံမှု၊ စိတ်လုံခြုံမှုရှိ မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုး မိုးမှုရှိမှ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု ပြည်သူ့ လွှတ်တော် သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်း ချမ်းရေးနှင့် လွှတ်တော်အတွေ့အ ကြုံများ ရှင်းလင်းပြောကြားသည့် တွေ့ဆုံပွဲသို့ ကယားပြည်နယ်ဝန် ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment