2.1.17

ကန်ဒေါ်လာဈေး ဆက်လက်ကျဆင်း

 နှစ်သစ်ကူးရုံးပိတ်ရက် များတွင် စီးပွားရေးလုပ်ငန်းများ ရပ်နားမှုကြောင့် ပြင်ပငွေကြေး ဈေးကွက်၌ အမေရိကန်ဒေါ်လာ ဈေး ဆက်လက်ကျဆင်းနေပြီး ဒီ ဇင်ဘာ ၃၁ ရက်တွင် တစ်ဒေါ် လာလျှင် ၁,၃၅၅ ကျပ်သို့ကျဆင်းလာကြောင်းသတင်းရရှိသည်။

စင်ကာပူနိုင်ငံသို့ ပြင်ပငွေ ကြေးဈေးကွက်မှ ၀ယ်ယူပြီး ငွေ လဲမှုလျော့နည်းခြင်း၊ ပြည်တွင်းစီး ပွားရေးလုပ်ငန်းအချို့ ရပ်နားခြင်း တို့ကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းရသည်ဟု ပြည်ပသို့ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကြောင့် ပြင်ပငွေ ကြေးဈေးကွက်တွင် အရောင်းအ ၀ယ်အေးနေပြီး ငွေကစားသူများ လည်း အရောင်းအ၀ယ်နည်း ကြောင်း ပြင်ပငွေလဲလုပ်ငန်းလုပ် ကိုင်သူတစ်ဦးကပြောသည်။
ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာ တန်ဖိုးသည် ယခု တစ်ပတ်အတွင်း တစ်ဒေါ်လာ လျှင် ၂၀ ကျပ်ခန့် ဈေးနှုန်း အ ပြောင်းအလဲဖြစ်ပြီး လဆန်းပိုင်း ထက် ဈေးကွက်တည်ငြိမ်လာ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့ကပြောသည်။
ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာ ဈေးကျဆင်းနေချိန် ၌ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲ နှုန်းသည် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်ရှိ သည်။
ပြင်ပဈေးကွက်တွင် ဒေါ် လာဈေးကျဆင်းနေချိန်၌ ပြည် တွင်းရွှေဈေးက တစ်ကျပ်သား လျှင် ၈၄၃,၀၀၀ ကျပ်ခန့် ဈေးရှိ ကြောင်းသိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment