24.7.13

Sony Xperia Z Ultra ၌ Tourch Pen အပြင်အခြားအရာများဖြင့် ပါရေးမှတ်နိုင်မည့် စနစ်သစ်ထည့်သွင်း"

Sony Xperia Z Ultra ဖုန်းအမျိုးအစားတွင် ထိတွေ့စနစ်သုံး ဘောပင်လ်(Tourch Pen)နှင့်သာမက အခြားစာရေးကိရိယာများအသုံးပြု၍ပါ ရေးမှတ်နိုင်မည့် စနစ်သစ်တစ်ခု ထည့်သွင်းပေးထားကြောင်း TMW Enterprise ကုမ္ပဏီမှ သိရသည်။


" သူ့ဆီရေးမှတ်တဲ့အခါမှာ Tourch Pen တစ်မျိုးထဲနဲ့ရေးလို့ရမှာ မဟုတ်ဘဲ ခဲတံနဲ့ထောက်ပြီးရေးမယ်ဆို၇င်လည်း ရတဲ့စနစ်မျိုးပါ " ဟု TMW Enterprise မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ၎င်း Sony Xperia Z Ultra ကို လာမည့် သြဂုတ် ၂ ရက်မှ ၄ ရက်နေ့ထိ ပြုလုပ်မည့် ရန်ကုန် အိုင်စီတီပြပွဲ၌ စတင်ပြသရောင်းချသွားမည်ဟု သိရသည်။ အဆိုပါရက်များအတွင်း ပထမဦးဆုံး ဝယ်ယူသူ ၅၀ ဦးအား ၂၀ ရာခိုင်နှုန်းလျော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သာမာန်ဈေးနှုန်းအနေဖြင့် လက်ရှိတွင် ၆ သိန်း ၇ သောင်းဝန်းကျင်ခန့်မှန်းထားသည်။

Sony Xperia Z Ultra မှာယခင် Sony Xperia Z စီးရီးကဲ့သို့ ရေစိမ်ခံနိုင်မည်ဖြစ်ပြီး မြင်ကွင်းအကျယ် ၆.၄ လက်မရှိမည်ဖြစ်သည်။ အထူ ၆.၅ မီလီမီတာနှင့်အလေးချိန် ၂၁၂ ဂရမ်ရှိသည်။ ထို့အပြင် 8 megapixel အသုံးပြုထားပြီး ရှေ့ဘက်ကင်မရာကို 2 megapixel အသုံးပြုထားကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal

0 comments:

Post a Comment