24.7.13

ရန်ကုန်မြို့တွင် လာရောက် လုပ်ကိုင်ရန် ထိုင်း ရွှေလုပ်ငန်းရှင်များ ကမ်းလှမ်း သက်တမ်းရင့် နာမည်ရ ရွှေဆိုင် ကြီးများလည်း ပါဝင်

ထိုင်း ရွှေလုပ်ငန်းရှင်များက ရန်ကုန်မြို့တွင် ရွှေဆိုင်များ ဖွင့်လှစ် ရောင်းချရန်နှင့် ရွှေပန်းထိမ် လုပ်ငန်းများ ဖွင့်လှစ်နိုင် ရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအား ကမ်းလှမ်းမှုများ ရှိခဲ့ပြီး
ယင်းသို့ ကမ်းလှမ်းခဲ့သည့် ရွှေ လုပ်ငန်းရှင်များ ထဲတွင် ထိုင်းနိုင်ငံမှ သက်တမ်းရင့် နာမည်ရ ရွှေဆိုင်ကြီးများလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ အသင်းမှ သိရသည်။



ကမ်းလှမ်းခဲ့ကြသည့် ထိုင်း ရွှေလုပ်ငန်းရှင်များ ထဲတွင် ထိုင်းနိုင်ငံမှ သက်တမ်းရင့် နာမည်ရ ဟွာဆင်ဟန်း ရွှေဆိုင်လည်း ပါဝင်ကြောင်း သိရပြီး ကမ်းလှမ်းထားသည့် ရွှေ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် မြန်မာ့ ရွှေထည်များကို ဝယ်ယူကာ ထိုင်းလက်ရာဖြင့် ရွှေထည်များ ပြန်လည် ရောင်းချသည့် လုပ်ငန်းများနှင့် ထိုင်း ရွှေထည် ပစ္စည်းများကို တိုက်ရိုက် တင်သွင်း ရောင်းချသည့် လုပ်ငန်းများ လုပ်ကိုင်သွားဖွယ် ရှိကြောင်းလည်း သိရသည်။

မြန်မာ အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံများ၌ ရွှေထည် ဝတ်ဆင်မှု ဓလေ့နှင့် ရွှေထည်ကို စုဆောင်းခြင်း အလေ့အထများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံရှိ ရွှေထည် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်း လုပ်ငန်းရှင်များ စိတ်ဝင်စားမှု များနေကြောင်း သိရသည်။

''တစ်ချိန်တုန်းက ထိုင်း ဘတ်ကြိုးဆိုတာ နာမည်ကြီး ပါပဲ။ ခုလည်း လူကြိုက်များတုန်း ပါပဲ။ ထိုင်းက ကမ်းလှမ်းတဲ့ အထဲမှာ သူတို့ဆီက လက်ရာ ပုံဆန်းတွေကို မြန်မာ့ ရွှေဆိုင် လုပ်ငန်းရှင်တွေက အော်ဒါ အပ်နှံတာမျိုးကို ယူပြီးတော့ လုပ်ချင်တာလည်း ပါတယ်။ သူတို့ရဲ့ စက် ပန်းထိမ်တွေ ဒီရွှေ့လာပြီး ဒီက ရွှေကို ဝယ်ပြီးတော့ ရောင်းချင်တာလည်း ပါတယ်'' ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။

ဇာနည်မောင်
မြ၀တီ

0 comments:

Post a Comment