16.8.13

ပြည်တွင်း ဈေးမြင့်၍ ပြည်ပ သကြား ဝင်ရောက်မှုနှုန်း မြင့်တက်

ပြည်တွင်းတွင် သကြား ကုန်ကြမ်းရှား၍ သကြားဈေး မြင့်တက်နေသဖြင့် မန္တလေး သကြား ဈေးကွက် အတွင်းသို့ ပြည်ပ နိုင်ငံများမှ သကြား ဝင်ရောက်မှုနှုန်း မြင့်တက်လာကြောင်း မန္တလေး သကြားနှင့် သကာရည်များ ကထိန်တော်အသင်း နာယက ဦးဝင်းဌေးက The Voice သို့ ပြောကြားသည်။


ပြီးခဲ့သည့် နှစ်များက ပြည်တွင်း လုပ်ငန်းသုံးအတွက် ပြည်ပ ကြံစိုက်ပျိုး နိုင်ငံများဖြစ်သည့် ဘရာဇီး၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ သကြား ဝင်ရောက်မှု ၅ ရာခိုင်နှုန်းခန့် ရှိသော်လည်း လက်ရှိ သြဂုတ်လပိုင်း ခန့်တွင် ၂၀ ရာခိုင်နှုန်းခန့် အထိ ယင်းနိုင်ငံများမှ သကြား ဝင်ရောက်မှု ရှိလာကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“ပြည်တွင်း သကြားဈေးက မြင့်တော့ ပြည်ပ သကြားဈေးနဲ့ အရမ်း မကွာတော့ဘူး။ အဲဒီတော့ အရည်အသွေး ပိုမြင့်တဲ့ ပြည်ပ သကြားကို ဝယ်ယူမှု ရှိလာတဲ့ သဘောပါ။ ပြည်ပသကြားက လုပ်ငန်း သုံးတာ များတယ်” ဟု မန္တလေးမြို့ ဒေသခံ သကြား ကုန်သည် တစ်ဦးက ဆိုသည်။

လက်ရှိကာလသည် ကြံစိုက်ပျိုးသော ကာလဖြစ်၍ ကြံဝင်ရောက်မှု မရှိဘဲ လက်ကျန် သကြား ကုန်ကြမ်းလည်း နည်းလျက် ရှိကြောင်း၊ ပြီးခဲ့သည့် လများက တရုတ်မှ သကြား ဝယ်ယူမှုများခဲ့သဖြင့်
ပြည်တွင်း သကြားဈေး မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းဌေးက ထပ်လောင်း ပြောကြားသည်။

မန္တလေးမြို့တော် သကြား ဈေးကွက်တွင် သြဂုတ်လ ၁၈ ရက်နေ့ ဈေးကွက် ပေါက်ဈေးများအရ ပြည်တွင်းပေါင်း သကြား တစ်ပိဿာလျှင် ၁၀၃၀ ကျပ် ဖြစ်ပြီး သကာရည် တစ်ပိဿာ ဈေးမှာ ၆၂၀ ကျပ် ဖြစ်ကြောင်း၊ ပြည်ပ သကြားများဖြစ်သော ဘရာဇီး သကြား၊ ထိုင်း သကြား၊ အိန္ဒိယ သကြား တစ်ပိဿာ ဈေးမှာ ၁၁၂၀ ကျပ် ရှိကြောင်း သကြားနှင့် သကာရည်များ ကထိန်တော်အသင်းထံမှ ထပ်မံ သိရသည်။

The Voice Weekly

0 comments:

Post a Comment