16.8.13

~ဗိုက္ထဲကတဂြီဂြီ မြည်သံ တွေထွက် နေရင်~

ဗိုက္ထဲကတဂြီဂြီ မြည်သံ တွေဟာ ဆာလောင် နေတဲ့ လက္ခဏာပါ။ ဒါမှမဟုတ်သင့်ဝမ်းဗိုက်ပြည့်တင်းလွန်းရင်လည်းတဂွီဂွီမြည်သံတွေကြားရတတ်ပါတယ်။ အသံတိတ် သွားအောင် အောက်ပါအတိုင်းလုပ်ကြည့်ပါ။

၁) နားရွက်ကို ဖိထားပါ...

သင့်ဝမ်းဗိုက်ထဲကတဂွီဂွီမြည်နေတာဟာသင်ဗိုက်ဆာနေတာကြောင့်ဖြစ်ပြီးသင်နေ့လယ်စာစားရမယ့်အချိန် ရောက်ဖို့ကလည်း လိုနေသေးတယ်ဆိုရင် သင့်လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး နားရွက်အနားသားတွေကို တစ်မိနစ် ခန့် ဖိထားပေးပါ။



အပ်စိုက်ကုထုံးပြုလုပ်သူတွေက နားရွက် အနားနေရာကို Hunger Point လို့ခေါ်ကြပြီးအဲဒီနေရာကိုဖိထားတာကြောင့်အစာအိမ်ြွကက်သားတွေကျုံ့တာကို ယာယီ ရပ်ဆိုင်းပေးတဲ့အတွက် တဂွီဂွီမြည်သံတွေ ပျောက် ကင်းသွားနိုင်ပါတယ်။

၂) နာနတ်သီးဖျော်ရည် သောက်ပါ...

အစာအိမ်မှ တဂွီဂွီမြည်သံဟာ အစား ကြူးတာကြောင့် ဖြစ်နေရင် နာနတ်သီး ဖျော်ရည်သောက်လိုက်ပါ။

နာနတ်သီးမှာအစာခြေ အင်ဇိုင်း ဘရိုမီလိမ်းပါဝင် တဲ့အတွက်အစာချေဖျက် နှုန်းမြန်ဆန်စေပြီး လေထိုး တာသက်သာသွားနိုင်ပါတယ်။

post by နှင်းဆီဖူးလေးများ-Love BUDS

0 comments:

Post a Comment