19.8.13

" ဆရာချစ်ဦးညိုပြောပြသည့် ရာမသမင်လိုက် ကဇာတ်၏ စုပေါင်း လုပ်ဆောင်မှု"

၁၉၇၃ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန၊ ဗဟိုသမဝါယမ သင်တန်းကျောင်း သို့ စီမံရေးရာ ဘာသာရပ် နည်းပြဆရာအဖြစ်ပြောင်း ရွှေ့အမှုထမ်းခဲ့ပြီး ဗဟိုသမ ဝါယမသင်တန်း နှစ်ပတ်လည် ဂုဏ်ပြုပွဲတွင် ရာမသမင်လိုက်ကဇာတ်ကို စီစဉ်တင်ဆက်၍ ရာမမင်းသားအဖြစ် ကိုယ်တိုင်ပါဝင်ပြသခဲ့သူ ဆရာချစ်ဦးညိုက"
ဘဝမှာ အတွေ့အကြုံ အမျိုးမျိုးကို ဖြတ်သန်းနေရ တဲ့အချိန်ပါ။

အဲဒီအချိန်တုန်းက သမဝါယမဝန်ကြီးဌာန ဝန်ကြီး အဟောင်းနဲ့ အသစ် ပြောင်းလဲ တဲ့အချိန်ဖြစ်တယ်။ ဝန်ကြီး အဟောင်းကို နှုတ်ဆက်ပွဲဖြစ် သလို ဝန်ကြီးအသစ်ကို ကြိုဆိုပွဲ လည်းဖြစ်တယ်။ အဲဒီအခမ်း အနားမှာ ဝန်ထမ်းတွေ ပါဝင် ကပြရမယ့် ဇာတ်တစ်ခု စီစဉ် ခိုင်းတာနဲ့ ရာမသမင်လိုက်ခန်း ကို စီစဉ်ခဲ့တယ်။ အပြင်က ပညာရှင်တွေမပါပဲ စီစဉ်ခဲ့ ကြတယ်။ သမင် လိုက်ခန်းဆိုတော့ ရာမ၊ လက္ခဏ၊ ဒသဂီရိ၊ ရွှေ သမင်၊ သီတာဒေဝီပါမယ်။ အဲဒီ အချိန်မှာ ရာမ မင်းသားနေရာက သရုပ်ဆောင်ခဲ့ရ တယ်။

ရာမဇာတ် ထုပ်ကရင် Team Work က တအားအရေးကြီးပါတယ်။ သမင်လိုက်ခန်းတစ်ခုကို ကွက် ပြောရရင် လုပ်ရ တဲ့အစီအစဉ် က အဆိုမပါဘူး၊ အပြောမပါဘူး။

အကနဲ့သရုပ်ဖော်ရတဲ့ Dance Drama ပါ။ ကနေတဲ့ ခြေဟန်၊ လက်ဟန်က ကပြ သူရဲ့စိတ်ခံစားမှု၊ သူ့ရဲ့အတွေး၊ သူ့ရဲ့ဝေဒနာ တွေကို ပြသနိုင် တဲ့ လှုပ်ရှားမှုတွေဖြစ်ရမယ်။ ဒါကြောင့် ဒီအကက ထင်သလို ကလို့လည်းမရဘူး။ ဆရာ သမား တွေ သင်ပေးထားတဲ့ အတိုင်း ကကွက်အရ ခြေထောက် လှမ်း ပုံ၊ရွေးပုံ၊လက် ထားပုံတွေကအစ သေချာလုပ်ရတယ်။ ခြေလှမ်း သုံးလှမ်းလှမ်း၊ နောက်ကို လေးလှမ်းဆုတ်ဆိုပြီး ကွက်တိ လုပ်ထားတာ ကတဲ့သူ အပိုင်း။

အပြင်အဆင်ပိုင်းကလည်း မှော်ရုံ ဟေဝန်ဆို မှော်ရုံဟေဝန်၊ ခိုင်ပန်းဇွန်ဆို ခိုင်ပန်းဇွန် တီး ခတ်ပေးရတယ်။ အဲဒီယိုး ဒယားသီချင်းတွေကို သတ် မှတ်ထားတဲ့အတိုင်း တီး ခတ်ပေးရတယ်။ ကြိုက်သလို ဖောက်ထွက်တီး လို့မရဘူး။ ဒီ သမင်လိုက် အကဇာတ်ကို အကောင်အထည်ဖော်ဖို့ အတွက် ဆိုင်းအဖွဲ့ကလည်း သူ့ နေရာနဲ့သူ အချိန်ကိုက် တီးခတ်ပေး ရတာမျိုးတွေရှိ တယ်။ စင်အောက်က ဆိုင်းမှာကိုက စုပေါင်းညီညွတ် မှုတွေ ရှိရမယ်။ ဒါကို
သဘင်ဝေါဟာရအရ ဗန် ဒစ်လို့ ခေါ်တယ်။

ကွက်တိတီးခတ် ပေးရတယ်။ အဲဒီ အပေါ်မှာ ကပြ တဲ့ သူကလည်း စည်းဝါးအညီ ကပြနေရတယ်။ အဲဒီမှာ အထူး သဖြင့် စုပေါင်း ခြင်းဟာ ဘယ် လောက် အရေး ကြီးလဲဆိုရင် ဥပမာ-

ရာမ မင်းသားက ရွှေသမင်ကိုလိုက်တဲ့ နေရာမှာ သမင်ကခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းပြေး၊ ရာမ မင်းသားက နောက်ကလိုက်တဲ့ အချိန်မှာ သူသတ်မှတ်ထား တဲ့အချိန်မှာ လေးကောက်နဲ့ ရိုက်ရတယ်။ အဲဒီအချိန်ကျမှ သမင်က ရှောင်မှ ကွက်တိ ဖြစ်မှာလေ။ အဲဒါကို တိုင် မင်မှားရင် တစ်လွဲဖြစ်သွားမှာ။ အာရုံလွဲသွားရင်လည်း မှား နိုင်တယ်။ ရယ်စရာလည်း ဖြစ် နိုင်တယ်။

သမင်ကိုမြင်ပြီး ရိုက်တဲ့ နေရာမှာ သမင်လွတ် ရမယ်။ သမင်ကို မမြင်ဘဲ ရိုက်ရင် သမင်ကို ထိမှာပဲလေ။ ဥပမာ- သမင်က အပေါ်ခုန် ရင် အောက်ကနေ ရိုက်ရမှာ ပဲလေ။ ဒီလိုမျိုး စုပေါင်း လုပ်ဆောင်မှုက အနုပညာမှာ အင်မတန် အရေးကြီးပါတယ်။ တစ်ခုခုက ဖောက်သွားရင် ပျက်သွားနိုင်တယ်။ အနုပညာရသ၊ အလှပျက်ရုံ မကဘဲ ပရိသတ်ရယ်စရာကြီးဖြစ် သွားနိုင်တယ်။ ဒါကြောင့် Team Work က အရေးကြီးပါတယ်" လို့ အမှတ်တရ ပြန် ပြောပြခဲ့ပါတယ်။

ထွဋ်မြတ်

Popular Journal

0 comments:

Post a Comment