19.8.13

ယခုနှစ်ရာသီတွင် တိုက်စစ်မှူးရွန်နီ မန်ယူမှ ထွက်ခွာတော့မည်မဟုတ်

ပရီးမီးယားလိဂ်ရာသီအစပွဲစဉ်တွင် ပထမပွဲထွက်ခွင့်စာရင်း၌ မပါဝင်ခဲ့သည့် မန်ယူအသင်းတိုက်စစ်မှူး ရွန်နီသည် ယခုနှစ်ရာသီတွင် အသင်းမှ ထွက်ခွာတော့မည်မဟုတ်ကြောင်း အသင်း၏အတွင်းသိတစ်ဦးက
ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ရွန်နီသည် ဆွမ်ဆီးအသင်းအား ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သောပွဲစဉ်တွင် ဒုတိယပိုင်း ပွဲချိန် ၆၁ မိနစ် တွင် လူစားဝင်ကစားခဲ့ပြီးနောက် နောက်ထပ်ရရှိသောဂိုးများအတွက် အောင်ပွဲခံရာတွင် အခြားအသင်း သားများနှင့်အတူ အောင်ပွဲခံခဲ့မှုမရှိသည့်အကြောင်းကိုအင်္ဂလန်မီဒီယာများက အလေးပေးဖော်ပြခဲ့ကြသည်။

Daily Mail ၏ ဖော်ပြချက်အရ မန်ယူအသင်း၏ အတွင်းသိတစ်ဦးက “သူ (ရွန်နီ)ဟာ လေ့ကျင့်ရေး ကွင်းမှာ အရမ်းကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ သူဟာအသင်းအတွက် ပြန်လည်ကစားခွင့်ရ ဖို့အတွက်ပါ။ သူ့ကို အသင်းက လုံးဝရောင်းချမှာမဟုတ်ဘူးဆိုတာ သူသိသွားပြီလို့ ကျွန်တော်ထင်ပါ တယ်။ ပြီးတော့ သူဟာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့ ကြိုးစားနေပါပြီ။ ဒီပုံစံအတိုင်းဆို ပထမနေရာဟာ သူ့အတွက် ပြန်ဖြစ်လာမှာပါ”ဟု ပြောဆိုသွားခဲ့သည်။

ယခုအပြောင်းအရွှေ့ရာသီတစ်ခုလုံးတွင် ရွန်နီမှာ အသင်းမှ တရားဝင်ထွက်ခွာခွင့် မတောင်းဆိုခဲ့သော် လည်း ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ရွန်နီအား ခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့ပြီး မန်ယူအသင်းနှင့် နည်းပြမိုယက်စ်တို့ကမူ ရွန်နီအား လုံးဝရောင်းချမည်မဟုတ်ကြောင်း အတိအလင်းဆိုထားပြီး ကမ်း လှမ်းမှုများအား ပယ်ချခဲ့သည်။

အောင်သုတ
မဇ္ဈိမ

0 comments:

Post a Comment