19.8.13

၁၃ နှစ်ကျော်အထိ စည်းလုံးမှုရှိနေဆဲ 19:18

ဆောင်းဦးလှိုင်၊ အဲလက် (စ်)၊ စည်သူလွင်တို့ ၃ယောက် ပေါင်းသီဆိုတဲ့ 19:18 မိနစ် အခွေကအမှတ် ၁၊၂၊၃ ဆိုပြီး အောင်မြင်စွာ ထွက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ တတိယအခွေ ထွက်
ပြီးတဲ့အချိန်မှာတော့ 19:18 ဖွဲ့က ငြိမ်ချက်သားကောင်းသွား ခဲ့ပါတယ်။



၂ဝ၁၃ခုနှစ်မှာတော့ 19:18 အဖွဲ့က အမှတ်၎ ကို နှစ်မကုန်ခင် ထွက်နိုင်ဖို့ စီစဉ်နေကြပါတယ်။19:18 ထွက် ခဲ့တဲ့အခွေ ၃ ခွေစလုံးက ပရိသတ်ရင်ကို လှုပ်ခတ်စေခဲ့တဲ့အခွေတွေဖြစ်ခဲ့ပြီးပရိသတ် တွေရဲ့အကြားရေပန်းစားခဲ့ပါတယ်။ အခု ၄ ခွေမြောက်ရဲ့ သီချင်းအားလုံးကိုတော့ ဆောင်းဦးလှိုင် ကပဲရေးသား မှာဖြစ်ပါတယ်။ တီးဝိုင်းက တော့ ဥက္ကာဦးသာရဲ့ Plus ၃ တီးဝိုင်းပဲဖြစ်ပါတယ်။ ၄ခွေ မြောက်ခွေကိုစတင်အကောင် အထည်ဖော်နေတာ ၄ နှစ် လောက်ရှိသွားပြီဖြစ်ပြီး သီချင်း တွေကိုအကောင်းဆုံးဖြစ် အောင် မကြိုက်မချင်းလုပ်နေတဲ့ အတွက်ကြာသွားရခြင်းဖြစ် ကြောင်းလည်း 19:18 ရဲ့အ ဖွဲ့ဝင်ဆောင်းဦးလှိုင်က ပြောပါ တယ်။

" သီချင်းအားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။ တစ်ပုဒ်နဲ့တစ်ပုဒ်ကျော်နားမထောင်ရအောင်ထိ လုပ်ထားတာပါ။ နောက် Selection လည်းရွေးကူးစရာ မလိုစေရဘူး။ ကျွန်တော်တို့ကို ယနေ့တိုင်အားပေးနေတဲ့ ပရိသတ်တချို့ရှိပါသေးတယ်။ ပရိသတ်တွေအနေနဲ့ Selection ကူးစရာမ လိုလောက် အောင်ကျွန်တော်ကြိုးစားထား ပါတယ်"

လို့ 19:18 ရဲ့ တေးရေး၊ တေးဆိုဆောင်းဦးလှိုင်က ပရိသတ်အတွက်အကြို သတင်းပါးပါတယ်။ 19:18 အမှတ်(၃ )ကိုတော့ ၂ဝဝ၃ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ၄ခွေမြောက် ကိုတော့ ၂ဝ၁၃ မှာထွက်မှာဖြစ်တဲ့အတွက် 19:18 အနေနဲ့ အခွေမ ထွက်တာ ၁ဝနှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

" ၂ဝဝ၃၊၂ဝဝ၄လောက်အထိ ကျွန်တော်တို့ 19:18 က အားကောင်းခဲ့ပါတယ်။ ဖျော်ဖြေပွဲတွေအကြိမ်ကြိမ် ဆင်နွှဲနိုင်ခဲ့တယ်။ ပရိသတ်ကြားထဲ ကျွန်တော်တို့နေတာ တအားများ
သွားတဲ့အခါကျတော့ သင်္ခါရ သဘောပေါ့။ အဲဒီတော့ဒီကြား ထဲမှာခဏနားဖို့တော့သင့် တယ်ပေါ့။ ဒီကြားထဲမှာအခွေ တွေထွက်ခဲ့တာလည်း စိပ်ခဲ့တယ်။

19:18 အနေနဲ့ ၂နှစ် ခြားတစ်ခေါက်လောက်ပဲပွဲ လေးတွေလုပ်ပြီး ပရိသတ်နဲ့ ထိတွေ့ကြမယ်ပေါ့။ အခု တော့ပရိသတ်ကလည်း 19:18 အနေနဲ့အခွေလေးတော့ ထပ်ထုတ်ပေးပါဦးလို့တောင်းဆို ကြတယ်။

အားပေးတဲ့သူတွေရှိ နေသေးတဲ့အတွက် ၁ဝ စုနှစ် လောက်နေမှ ကျွန်တော်တို့က ပြန်ပြီးဖန်တီးထုတ်လုပ်ဖို့ စီစဉ်ခဲ့တာပါ" လို့ ၄ခွေမြောက် 19:18 အခွေထုတ်ဖြစ်ရခြင်းနဲ့ပတ်သက်ပြီး ဆောင်းဦးလှိုင်က ပြောပါတယ်။

ဆောင်းဦးလှိုင်၊ အဲလက်(စ်)နဲ့ စည်သူလွင်တို့က ၄ခွေမြောက် 19:18 အခွေနဲ့ ပတ်သက်ပြီး အရင် ၃ ခွေလိုပဲယုံကြည်ချက်တွေရှိနေကြပါတယ်။ 19:18 ဆိုတဲ့ နာ မည်ဖြစ်တည်လာပုံကလည်း ထူးဆန်းလို့နေပါတယ်။ လူငယ် ၂ယောက်ရဲ့ အချစ် ဇာတ်လမ်းလေးကို ရေးသားရင်းနဲ့ 19:18 နာမည်ကိုဆောင်းဦးလှိုင်က ပေးဖြစ်ခဲ့ခြင်းပဲဖြစ်ပါတယ်

" ကျွန်တော့် သူငယ်ချင်းရဲ့ အဖြစ်အပျက်ဇာတ်လမ်းလေးပါ။ ကောင်မလေးသူ့ကို ထားခဲ့တဲ့အချိန်မှာသူက နာရီကို ရပ်ထားခဲ့တယ်။ ၇နာရီကျော်ပေါ့။ ၁၈မိနစ်တော့ မဟုတ်ဘူး။ ၇ နာရီကျော်ဆိုတော့ ၁၉နာရီ ပေါ့။ အဲဒီတော့ ဘယ်လောက် ကျော်လိုက်ရင်ကောင်းမလဲလို့ စဉ်းစားတော့ ၁၉နာရီ၁ဝမိနစ်ကြတော့ခေါ်လို့ မကောင်းဘူး။ ၁၉နာရီ ၁၈ မိနစ်ဆိုရင် ခေါ်လို့ ကောင်းတယ်ဆိုပြီး ၁၉နာရီ၁၈ မိနစ်ဖြစ်သွားတာပါ" လို့ 19:18 နာမည်နဲ့ စပ်လျဉ်းပြီး ဆောင်းဦးလှိုင်က ပြောပါတယ်။ 19:18 အနေနဲ့ အမှတ်(၁)ကို ၁၉၉၉နဲ့ ၂ဝဝဝ ကြား၊အမှတ်၂
ကိုတော့ ၂ဝဝ၁ခုနှစ်၊ အမှတ်၃ ကိုတော့ ၂ဝဝ၂နဲ့ ၂ဝဝ၃ကြား မှာထွက်ခဲ့ တဲ့အတွက် 19:18 ရဲ့သက်တမ်း က ၁၃ နှစ်ကျော်ကာလတည်းကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

" ကျွန်တော်တို့ ၃ ယောက်သီချင်းတစ်ပုဒ်ထဲကို တွဲဆိုလိုက်တဲ့အခါမှာ taste တစ်ခုရပါတယ်။ ပျော်ရွှင်ဖွယ်ရာ ရလဒ်ပေါ့။ကျွန်တော်တို့ ၃ ယောက်က လည်းရေစက်ပါပဲ။ ဘယ်လို သံယောဇဉ်လဲတော့ မသိ
ဘူး။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက်သိပ် ငြင်းပယ်လေ့မရှိဘူး။ ကိုအဲ လက်(စ်)က ကျွန်တော်ဒါ လေးတော့လုပ်လိုက်ချင်တယ် ကိုဆောင်းဦးဆိုရင်လည်း ကျွန်တော် မငြင်း ဘူး။ ကိုစည်သူလွင် လုပ်မယ်ဆိုလည်းမငြင်းဘူး။ ကျွန်တော်လုပ်မယ်ဆိုလည်း သူ တို့မငြင်းဘူး။ တစ်ယောက်နဲ့ တစ်ယောက်ညီအစ်ကို စိတ် အပြည့်ရှိကြတယ်။

ကျွန်တော်တို့ ၃ ယောက်ကသီချင်းဆိုပြီ ဆိုရင်အကောင်းဆုံးဆိုမယ်။ တစ်ခါတလေကျရင်တစ် ယောက်ကိုတစ်ယောက်စိတ်တိုင်းမကျ ရင်လည်းသိပ်ပြီးရစ်မနေဘူး။ တစ်ပတ်၊ ၁ဝ ရက် ပျောက်သွားကြတော့ တယ်။ကျွန်တော်ဆို ဘောလုံးကွင်းထဲ ရောက်သွားတယ်။ ဒါပေမဲ့ ပြန်တွေ့လို့ သီချင်းလုပ်မယ်ဆိုရင်တော့ အိပ်သွန်ဖာမှောက် လုပ်ကြတော့တာပဲ။ အဲဒီတော့ ကျွန်တော်တို့ ၃ ယောက်က သီချင်းတွေကိုချစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် music အကြိုက်ချင်းတူကြတာပါ။ ကျွန်တော်ကြိုက်ရင်သူတို့လည်း ကြိုက်တယ်။ သူတို့ ကြိုက်ရင်ကျွန်တော်လည်း ကြိုက်တယ်။ ဒါလေးတွေက ကျွန်တော်တို့ကြားမှာ မဖော်ပြနိုင်တဲ့အရာပေါ့" လို့ 19:18 ရဲ့ ၁၃ နှစ်ကျော်တည်မြဲနေတဲ့ လျှို့ဝှက်ချက်ကို ဆောင်းဦးလှိုင်က
ပြောပါတယ်။

လင်းအက္ခရာ
Popular Journal

0 comments:

Post a Comment