19.8.13

တောင်သူလယ်သမား ညီလာခံ ၈၈ မျိုးဆက်ရုံးမှာ ကျင်းပ

မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူလယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲပြဿနာတွေ၊ နစ်နာဆုံးရှုံးမှုတွေကို ဖော်ထုတ်စုစည်းပြီး လွှတ်တော်နဲ့ အစိုးရတာဝန်ရှိသူတွေထံ တင်ပြနိုင်ဖို့အတွက် တောင်သူလယ်သမား ညီလာခံကို ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းရုံးမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။


နိုင်ငံအနှံ့က လယ်သမား ၃ဝဝ ကျော် တက်ရောက်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲရဲ့ပထမနေ့မှာ လယ်ယာမြေ သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းခေါင်းဆောင် ကိုမင်းကိုနိုင်က တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာမြေ ပိုင်ဆိုင်ခြင်း အငြင်းပွားမှုနဲ့ အခွင့်ရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ ဥပဒေကြောင်းအရ ယှဉ်ပြိုင်ဖို့ရှိလာမှာဖြစ်တဲ့အတွက် ဥပဒေတွေနားလည်တဲ့ လယ်သမားတွေရှိဖို့ လိုအပ်လာပြီဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

နှစ်ရက်ကြာကျင်းပမယ့် အခုဆွေးနွေးပွဲမှာ တောင်သူလယ်သမားသမ ဂ္ဂပေါ်ပေါက်ရေး၊ လယ်ယာမြေ ဥပဒေနဲ့ ပတ်သက်တဲ့ပြဿနာတွေနဲ့ လယ်ယာလုပ်ငန်းဆိုင်ရာ အခက်ခဲတွေကိုလည်း မနက်ဖြန် မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

RFA

0 comments:

Post a Comment