19.8.13

သေ မှာ မကြောက်တဲ့ တွံတေးသိန်းတန်ကို ချစ်တဲ့ ပရိတ်သတ်တစ်ဦး

ကျွန်တော်တို့ တွေ ငယ်ငယ်ကလေးတည်က “အသီးတရာ အညာတစ်ခု” ဆိုတဲ့ ဦးတွံတေးသိန်းတန်ရဲ့ အောင်မြင်ကျော် ကြားလှတဲ့ သီးချင်းတစ်ပိုဒ် ဆိုတာကို တန်းပြီးသိပါတယ်။ ကလေးက အစ လူကြီး အဆုံး သိကြတဲ့ တွံတေးသိန်းတန် အကြောင်းကို ကျွန်တော် ဖတ်ဖူးသမျှ၊ လေ့လာဖူးသမျှ ထဲကအံ့သြစရာ ကောင်းတဲ့ ပရိသတ် တစ်ယောက်ရဲ့ စိတ်ထားကို ရေးသားဖော်ပြပေးလိုက်ပါတယ်။


တွံတေးသိန်းတန် သည် ၁၉၇၄ ခုနှစ်တွင် ဇာတ်ထောင်ပြီး မြန်မာပြည် အနှံ့  လှည့်လည်ကပြရာ ၁၉၇၅ ခုနှစ်ခန့် တွင် လက်ပံတန်းမြို့ ၌ ကန်ထရိုက်သွင်းသည့် ရုံပွဲတစ်ပွဲ ကပြခဲ့ပါတယ်။ ဇာတ်စင်ပတ်လည်နှင့် အနီးတ၀ိုက်တွင် စားအိုးစား ခွက် နှင့်ချီတက်လာသော ပရိတ်သတ်မှာလည်း
ကြက်ပျံ မကျ စည်းကားလှသည်။

ထို နေ့ညက ပွဲမထွက်မီ ပွဲခင်းထဲတွင် လူသတ်မှု ဖြစ်၍ ပွဲ့ လန် ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကြသည်။ဇာတ်အဖွဲ့ သားများမှာ အခြေ အနေကို အကဲခတ်ရင်း ခေတ္တနားနေခိုက် ခဏအကြာ ဇာတ်စင် နောက်ဘက်သို့  ဓါးထိုးခံရသည့် လူနာကို ပုခက်ကြီး ဖြင့် ထမ်းလျှက် လူတစ်အုပ်
ရောက်လာကြသည်။ ရဲများလည်း ပါသည်။ ရုတ်တရက်မို့  ဇာတ်ဆရာ တွံတေးသိန်းတန် ထိတ်လန့်  သွားသော်လည်း အဖြစ်မှန်ကို သိသောအခါ သူ့ ရင်ထဲ အတော်ထိခိုက်သွားခဲ့သည်။

ဓါးထိုးခံရသူမှာ ပုခတ်ထဲတွင် သွေးသံရဲ ရဲဖြင့် ပုံပျက်ပန်းပျက်။ ထိုသူမှာ တွံတေးသိန်းတန် ကို မတွေ့ ရလျှင် လုံးဝ ဆေးမကု နေရာမှာပဲ
သေချင်သေပစေ ဆိုပြီး ဆေးကုသဖို့ ကို ငြင်းဆန်နေခဲ့သည်။ ဒါကြောင့် တွံတေးသိန်းတန် ရှိသော ဇာတ်စင်နောက်သို့ လိုက်ပို့ ခဲ့ကြောင်း ပြောပြ ပါတယ်။ ဓါးထိုးခံရတဲ့ လူနာက တွံတေးသိန်းတန်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး လိုက်ပို့ သူများဖက်သို့  ခေါင်းလှည့်ပြီး “ကျုပ်သေပျော်ပါပြီဗျာ၊ ခင်ဗျားတို့ ကျုပ်ကို ပို့ ချင်ရာ ပို့ တော့” ဆိုပြီး ရဲများ၊ ပွဲလူကြီးများနှင့်အတူ တွံတေးသိန်းတန်ကို လက်ပြရင်း ဆေးရုံသို့ ထွက်သွား ပါတယ်။

ဓါးထိုးခံရလို့ သေမှာကိုတောင် ဂရုမမူ ပဲ သူချစ်တဲ့ တွံတေးသိန်းတန်ကို မြင် ဖူးချင်တဲ့ စိတ်ဓါတ်ကတော့ အံ့သြစရာပါပဲ။

(စာဆောင် တစ်ခုထဲ၌ ဖတ်ခဲ့ရသော အကြောင်းအရာကို ပြန်လည် ရေးသား
ခြင်းဖြစ်ပါသည်)

KaungZayYan
(Discoveries Myanmar)

0 comments:

Post a Comment