9.9.13

လူသားချင်းစာနာ ထောက်ထားမှု လုပ်ရပ်များကြောင့် ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်ခံရမည့် Angelina Jolie

ကမ္ဘာကျော် မင်းသမီးချော Angelina Jolie သည် Academy of Motion Picture Arts and Sciences အဖွဲ့အစည်းမှ ချီးမြှင့်မည့်

Governor's Award ဆုကို ရရှိမည် ဖြစ်သည်။ ထို့ပြင် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပမည့် (၅)ကြိမ်မြောက် Jean Hersholt Humanitarian ဆုပေးပွဲ အခမ်းအနားတွင် honorary Oscar ဆု ချီးမြှင့်ခံရမည် ဖြစ်ကြောင်း သိရသည်။



Angelina Jolie သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်း များတွင် စိတ်ပါဝင်စားစွာ ပါဝင် လှုပ်ရှားခဲ့သူဖြစ်ကြောင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကာကွယ်ရေး အစရှိသည့် လူမှုရေး လုပ်ငန်းများ အတွက် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။Angelina Jolie ရရှိမည့် ဆုအမျိုးအစားမှာ Governor's Award ဆုဖြစ်ပြီး ၎င်းဆုမှာ အနုပညာ လောကမှ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သည့် အနုပညာရှင်များကို ဂုဏ်ပြု ချီးမြှင့်သော ဆုဖြစ်သည်။ Angelina Jolie နှင့် အတူ Steve Martin ၊ Angela Lansbury တို့လည်း honorary Oscar ဂုဏ်ပြုဆုများ ချီးမြှင့်ခံရမည် ဖြစ်သည်။

Mrtv-4

0 comments:

Post a Comment