9.9.13

X Factor နှင့် ဘရစ်တနီတို့ လမ်းခွဲမှု ဆိုင်မွန်ကော်ဝဲလ် ရှင်းလင်း

ဗြိတိန်တွင် အောင်မြင်ပြီးနောက် အမေရိကန်၌ပါ ခြေဆန့်လာသည့် အစီအစဉ်ကို ကြီးမှူးသူ ဆိုင်မွန်က (၂၀၁၂)ခုနှစ်တွင် ဘရစ်တနီ အား ဒေါ်လာ (၁၅)သန်းတန် စာချုပ်ဖြင့် ဒိုင်အဖြစ် ဆောင်ရွက်စေခဲ့သော် လည်း ယခုလာမည့် ရာသီသစ်တွင် ဆက်လက်၍ လက်တွဲဖြစ်မည် မဟုတ်ကြောင်း အတည်ပြုခဲ့ဘရစ်တနီ စပီးယားစ်ကို အမေရိ ကန် X Factor အစီအစဉ်၏ ဒိုင်အဖြစ်
ဆက်လက် ရွေးချယ်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သော အကြောင်းရင်းကို ဆိုင်မွန်ကော်ဝဲလ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ဗြိတိန်တွင် အောင်မြင်ပြီးနောက် အမေရိကန်၌ပါ ခြေဆန့်လာသည့် အစီအစဉ်ကို ကြီးမှူးသူ ဆိုင်မွန်က (၂၀၁၂)ခုနှစ်တွင် ဘရစ်တနီအား ဒေါ်လာ (၁၅)သန်းတန် စာချုပ်ဖြင့် ဒိုင်အဖြစ် ဆောင်ရွက်စေခဲ့သော်လည်း ယခုလာမည့် ရာသီသစ်တွင် ဆက်လက်၍ လက်တွဲဖြစ်မည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

အသက်(၅၅)နှစ်ရှိ ဗြိတိသျှ ဖျော်ဖြေရေး အစီအစဉ်မှူးက ဘရစ်တနီသည် ပြိုင်ပွဲဝင်များကို စကားပြောရာတွင် စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ရှိနေသလို ခံစားရတတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

"ဘရစ်တနီဟာ သိပ်တော်တဲ့သူပါ။ ဒါပေမဲ့ သူက ပြိုင်ပွဲဝင်တွေနဲ့ စကားပြောရင် တစ်ခုခု မသက်မသာ ဖြစ်နေသလိုပဲ။ အစောပိုင်းကတော့ ကျွန်တော် ရုတ်တရက် သတိမထားမိဘူး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို အကဲဖြတ်ရန် ဒီလိုဖြစ်နေလို့ မရဘူးလေ"ဟု ဆိုင်မွန်က ဆိုသည်။ ၎င်းက "ဘရစ်တနီက မကောင်းတဲ့ မှတ်ချက်ပေးဖို့ဆိုရင် မအီမသာ ဖြစ်ဖြစ်နေတယ်။ ပြိုင်ပွဲဝင်တွေက သူ့ကို စကားပြန်ပြော ဆွေးနွေးတာမျိုးကို သူက မကြိုက်ဘူး။

အဲဒီတော့ သူ့ဖာသာ မသက်မသာ ဖြစ်နေတာပေါ့။ ကျွန်တော်ကတော့ ဘရစ်တနီရဲ့ အရည်အသွေးတွေကို ကြိုက်ပါတယ်။ ဒီနှစ်တော့ ကျွန်တော်တို့ သူ့ကို လူလဲသွားမှာပါ။ ကျွန်တော်က မိန်းကလေး (၃)ယောက်နဲ့ တာဝန်ယူရမယ် ထင်ပါတယ်။ ဒီအတွေ့အကြုံကို ကျွန်တော် သဘောကျပါတယ်"ဟု လည်း ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment