12.9.13

အမေဇုန်ဒေသ၌ကျက်စားသည့် အကြီးဆုံးရေချိုငါး ရန်ကုန်တိရိစ္ဆာန်ဥ ယျာဉ်သို့ လှူဒါန်း


အမေဇုန် ဒေသတွင်ကျက်စားသောအကြီးဆုံးရေချိုငါးအမျိုးအစား ဖြစ်သည့် Arapaima ငါးကိုရန်ကုန် တိရိစ္ဆာန် ဥယျာဉ်သို့ စက်တင်ဘာလ ၅ ရက်နေ့ က ဒဂုံမြို့ နယ် ရွှေလီလမ်းနေ Confort Inn ပိုင်ရှင်ဦးစိုးသိန်းက လာရောက်လှူဒါန်းခဲ့ကြောင်းရန်ကုန်တိရိစ္ဆာန်ဥယျာဉ် တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာထွန်းမြင့်က The Voice သို့ ပြောကြားသည်။
အဆိုပါ လာရောက်လှူဒါန်းသောငါးသည် ငါးနှစ်သက်တမ်းအရွယ်ရှိကာ အရှည်အားဖြင့် ငါးပေခြောက် ခြောက်လက်မနှင့် အလေးချိန်ပေါင် ၈၀ ခန့် ရှိကြောင်း၊အလှူရှင် ဦးစိုးသိန်းသည် Arapaima ငါးကို ၂၀၀၈ခုနှစ်က ထိုင်းနိုင်ငံတွင် ငါးကုန်သည်တစ်ဦးထံမှဝယ်ယူကာ မွေးမြူထားခြင်းဖြစ်ကြောင်းပြောဆိုသည်။
တိရစ္ဆာန်ဥယျာဉ်အတွင်းအများပြည်သူ ကြည့်ရှု့ စေရန်အလို့ှငှာ Arapaima ငါးကိုလာရောက်လှူဒါန်း ခဲ့ကြောင်း ဒေါက်တာထွန်းမြင့်က ရှင်းပြသည်။
“အသားစားငါးဆိုတာတော့ မဆန်းပါဘူး။ထူးတာကတစ်ကောင်နဲ့ တစ်ကောင် မကိုက်အောင် ထိန်းသိမ်းထားနိုင်တာပေါ့” ဟု၎င်းကဆိုသည်။
Arapaima ငါး ၊ Aurowana ငါး နှင့် ငါးခူနှစ်ကောင်ကိုတစ်ရက်လျှင်ပလာတူးငါးအသေ တစ်ပိဿာ ကျွေးရကြောင်း ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ထံမှသိရသည်။

Credit To:The Voice

0 comments:

Post a Comment