12.9.13

အက်ဗရာ၏ အယ်လ်ဘမ်သစ် ထုတ်ဝေမည့် နေ့ရက်ကို ကြေညာ

(၂၀၁၁)ခုနှစ်က ထုတ်ဝေသည့် Goodbye Lullaby နောက်ပိုင်း ပထမဆုံး အက်ဗရာ တစ်ကိုယ်တော် ပြန်လည် ထွက်ရှိလာမည့် အယ်လ်ဘမ်သည် အက်ဗရာနှင့် ခင်ပွန်းသည် ချတ်ဒ်ကရိုဂါ၊ မာတင်ဂျွန်ဆင်၊ ဒေးဗစ်ဟော့ဂ်ျတို့ ပူးပေါင်း ထုတ်ဝေခြင်း ဖြစ်သည်။ 

အက်ဗရာ လက်ဂ်ဗင်း အနေဖြင့် သူမ၏ အယ်လ်ဘမ်သစ် ထုတ်ဝေ မည့် နေ့ရက်ကို အတည်ပြု ကြေညာလိုက်ပြီ ဖြစ်သည်။ (၂၀၁၁)ခုနှစ်က ထုတ်ဝေသည့် Goodbye Lullaby နောက်ပိုင်း ပထမဆုံး အက်ဗရာ တစ်ကိုယ်တော် ပြန်လည် ထွက်ရှိလာမည့် အယ်လ်ဘမ်သည် အက်ဗရာနှင့် ခင်ပွန်းသည် ချတ်ဒ်ကရိုဂါ၊ မာတင်ဂျွန်ဆင်၊ ဒေးဗစ်ဟော့ဂ်ျတို့ ပူးပေါင်း ထုတ်ဝေခြင်း ဖြစ်သည်။ အက်ဗရာက သူမ၏ အမည်အတိုင်းပင် Avril Lavigneဟု သတ်မှတ် အမည်ပေးထားသည့် အယ်လ်ဘမ်သစ်ကို နိုဝင်ဘာ (၅)ရက်နေ့တွင် စတင်ဖြန့်ချီမည်ဟု ဆိုသည်။ 



"ကျွန်မရဲ့ အယ်လ်ဘမ်သစ်အတွက် ပရိသတ်တွေ စောင့်မျှော်နေမယ် ထင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အဲဒီရက်ကို မစောင့်နိုင်အောင် ဖြစ်နေပြီ"ဟု သူမက ဖွင့်ဟခဲ့သည်။
ဂီတ ထူးချွန်ဆုများစွာ ရရှိဖူးသည့် အဆိုတော်မလေး၏ အယ်လ်ဘမ်သစ်တွင် ခင်ပွန်းသည် ကရိုဂါ၏ Nickleback အဖွဲ့နှင့် မာရီလင်မန်ဆန် အဖွဲ့များက ကူညီအားဖြည့်ပေးထားသည်။ အယ်လ်ဘမ်သစ်တွင် သီချင်း(၁၃)ပုဒ် ပါဝင်မည်ဖြစ်ပြီး Rock N Roll သီချင်းသည် ယင်းပရောဂျက်မှ သီချင်းဖြစ်ပြီး အယ်လ်ဘမ် မထွက်ခင် ကတည်းက ဖြန့်ချီသွားရန် စီစဉ်ထားပြီး ဖြစ်သည်။ အက်ဗရာ၏ ပဉ္စမမြောက် စတူဒီယို အယ်လ်ဘမ်တွင် ပါဝင်မည့် သီချင်းများမှာ အောက်ပါအ တိုင်းဖြစ်ကြောင်းလည်း သိရှိရသည်။

1. 'Rock N Roll'

2. 'Here's To Never Growing Up'

3. '17'

4. 'Bitchin' Summer'

5. 'Let Me Go' ' feat. Chad Kroeger

6. 'Give You What You Like'

7. 'Bad Girl' ' feat. Marilyn Manson

8. 'Hello Kitty'

9. 'You Ain't Seen Nothin' Yet'

10. 'Sippin' On Sunshine'

11. 'Hello Heartache'

12. 'Falling Fast'

13. 'Hush Hush'

Planet Myanmar Network

0 comments:

Post a Comment