11.9.13

ဗုဒ္ဓဘာသာဝင်တစ်ဦး ၏ တစ်နေ့တာကာလ .....

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် အရုဏ်ဦးအခါ မေတ္တာဖြင့် နိုးထ၍ သီလခံယူခြင်း ၊ ဘုရားရှိခိုးခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရမည် ...။

ယင်းနောက် -

စီးပွားရေး ၊ လူမှုရေး ၊ အမျိုးဘာသာ သာသနာရေးတို့ကို ဆောင်ရွက်ကြရ မည် ဖြစ်ပေသည် ...။



ဤသို့ဖြင့် ... တစ်နေ့တာ ကုန်ဆုံး၍ ညအိပ်ရာ ၀င်သောအခါ အရုဏ်ဦး ကာ လ ကဲ့သို့ပင် သီလခံယူခြင်း ၊ ဘုရားရှိခိုးခြင်း စသော ကုသိုလ်ကောင်းမှု တို့ကို ပြုလုပ်ရမည် ...။

ဤသို့ ပြုလုပ်ခြင်းဖြင့် -

" ဥစ္စာပေါမှု ... ကုသိုလ်ပေါရာ ၊ ပညာပေါငြား ၊ ပေါသုံးပေါကို ... မနားမနေ ကြိုးစားလေ" .....

ဟူသော အဆုံးအမကို လိုက်နာကျင့်ကြံရာရောက်ပေသည် ...။

ထိုသူမျိုးသည် သောက်စားရမ်းကားခြင်း စသော မကောင်းမှုမျိုးကို ပြုလုပ် ရန် နေရာရှိမည် မဟုတ် ...

ဗုဒ္ဓဘာသာဝင်တိုင်းသည် ထိုသို့ ကျင့်ကြံနေထိုင်ရမည် ဖြစ်သည် ...။

ဤသို့ဖြစ်လျှင် ... ထိုသူမျိုးတို့နေထိုင်ရာ မြို့ရွာနိုင်ငံသည် အဘယ်မှာ မငြိမ်းချမ်း မသာယာဘဲ နေပါတော့မည်နည်းးး

သို့ဖြစ်၍ -

လူသား လောက ငြိမ်းချမ်းသာယာမှု ရစေရန်အတွက် ဗုဒ္ဓဘာသာဝင်များ သည် ဗုဒ္ဓဘာသာတို့ နေထိုင်ကျင့်ကြံနည်းဖြင့် ကုန်လွန်စေရမည် ဖြစ်ပါသည် ...။

(ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှ)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင် ကြပါစေ~~~

နှလုံးသား၏ ဓမ္မသံစဉ်

0 comments:

Post a Comment